ကံမမြို့ပေါ်ရှိ စားသောက်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးဆွေးနွေးခြင်း

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံသည် (၂၆-၅-၂၀၂၅)ရက်နေ့၊ နံနက် (၁၀း၃၀)အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေး ဦးစီးဌာန၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ပူးပေါင်း၍ အမှတ်(၁)ရပ်ကွက်ရှိ အစားအသောက် ရောင်းချသည့် စားသောက်ဆိုင်(၂)ဆိုင်သို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေး ဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

   ထိုသို့ဆောင်ရွက်ရာတွင် ကံမမြို့နယ်တာဝန်ခံမှ အစားအသောက်ရောင်းချသည့် စားသောက် ဆိုင်ပိုင်ရှင်များအား အစားအသောက်ပြုပြင်ရောင်းချသည့်နေရာများ သန့်ရှင်းမှုရှိ/မရှိ၊ အစား အသောက် ကိုင်တွယ်ချက်ပြုတ်သူများ၊ ဝန်ဆောင်မှုပေးသူများ၏ တကိုယ်ရည်သန့်ရှင်းမှု ရှိ/မရှိ၊ အစားအသောက်များ လတ်ဆတ်သန့်ရှင်းမှုရှိ/မရှိစသည့် အကြောင်းအရာများကို စစ်ဆေးပြီး  မိမိတို့ စားသောက်ဆိုင်များမှပေးအပ်သော ဝန်ဆောင်မှုများနှင့်စပ်လျဥ်း၍ စားသုံးသူများအား လုံလောက် သည့် သတင်းအချက်အလက်များကို စားသုံးသူမသုံးစွဲခင် ကြိုတင်အသိပေးဖော်ပြထားရန်၊ ဝန်ဆောင်မှုပေးအပ်သည့် အဖိုးအခငွေများ မည်မျှကောက်ခံသွားမည် ဖြစ်ကြောင်းကို ကြိုတင် အသိပေးဖော်ပြသွားရန် အသေးစိတ်ရှင်းလင်း ပြောကြားခြင်းနှင့် စားသုံးသူ ကာကွယ်ရေးဥပဒေပါ အခန်း(၁၃) ပုဒ်မ(၂၆/၂၇)တွင်ပါရှိသည့် ဝန်ဆောင်မှုနှင့်စပ်လျဥ်း၍ အာမခံချက်ပေးခြင်း အကြောင်း အရာများအား အသေးစိတ်ရှင်းလင်း ပြောကြားပြီး ဥပဒေလက်ကမ်း စာစောင်များအား စားသောက် ဆိုင်ပိုင်ရှင်များထံသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

DOCA(မ‌ကွေး)