ကယားပြည်နယ်အတွင်း အခြေခံစားသောက်ကုန်များ ကွင်းဆင်းစစ်ဆေးခဲ့ခြင်း

Powered by Drupal

     ကယားပြည်နယ်၊ လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးအတွင်းသို့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ မေလ(၂၃)ရက်နေ့၊ နံနက်ပိုင်းတွင် အခြေခံစားသောက်ကုန်များဈေးနှုန်း မြှင့်တင်ရောင်းချမှုများ မရှိစေရန် ကွင်းဆင်းစစ်ဆေးပြီး အခြေခံစားကုန်ဈေးနှုန်းစာရင်း ကောက်ယူမှုများပြုလုပ်ခဲ့ပါသည်။

       သီရိမင်္ဂလာဈေးအတွင်း အခြေခံစားသောက်ကုန်များဖြစ်သော (အသား၊ ငါး)များရောင်းချနေသောဆိုင်များအား အဆမတန်ဈေးနှုန်းမြင့်တင်ရောင်းချခြင်းများ မပြုလုပ်ရန်၊ စည်ပင်သာယာရေးအဖွဲ့မှ သတ်မှတ်ထားသည့်ဈေးနှုန်းအတိုင်း အမှန်တကယ် စားသုံးသူထံ ရောင်းချသောဈေးနှုန်းများ ကိုက်ညီမှုရှိစေရန် စသည်တို့အား ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)