လွိုင်ကော်မြို့၊ စားအုန်းဆီလက်လီရောင်းချနေသော အရောင်းဆိုင်များ ကွင်းဆင်းစစ်ဆေးကြပ်မတ်

Powered by Drupal

    ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် စားအုန်းဆီလက်ကား၊လက်လီ ကိုယ်စားလှယ်များဖြင့်   ပြည်နယ်အတွင်း ပြန်လည်ဝင်ရောက်နေထိုင်သော ပြည်သူလူထုများ စားသုံးဆီဖူလုံစေရန်နှင့် ဈေးနှုန်းချိုသာစွာ ဝယ်ယူရရှိနိုင်ရန်   ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ကယားပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်ဖြင့် ပြည်နယ်အစိုးရအဖွဲ့နှင့် ဒေသကွပ်ကဲရေးစစ်ဌာနချုပ်၏ ခွင့်ပြုချက်ဖြင့် ထုတ်ယူသယ်ဆောင်ပြီး ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။

          ၂၀၂၅ ခုနှစ်၊ မေလ(၂၁)ရက်နေ့တွင် စားအုန်းဆီလက်လီဖြန့်ဖြူးရောင်းချသည့် အရောင်းဆိုင်များသို့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့်ပူးပေါင်း၍ စားအုန်းဆီဖြန့်ဖြူး ရောင်းချသည့် အရောင်းဆိုင်များသည် ပြည်နယ်အစိုးရအဖွဲ့မှ အတည်ပြုသတ်မှတ်ထားသည့် ဈေးနှုန်းအတိုင်း ရောင်းချမှု ရှိ/မရှိ၊ စားအုန်းဆီများ အဆမတန်အမြတ်တင်ရောင်းချမှုရှိ/မရှိ၊ သတ်မှတ်ထားသည့် အရေအတွက်အတိုင်း ရောင်းချမှုရှိ/မရှိ၊ ရောင်းချသည့်အလေးချိန်မှန်ကန်မှု ရှိ/မရှိ၊ သတ်မှတ်ထားသည့်အချိန်ကာလအတွင်း ရောင်းချမှုရှိ/မရှိ၊ စားအုန်းဆီများ တစ်ဆင့်ခံဝယ်ယူပြီး ပြန်လည်ရောင်းချနေမှု ရှိ/မရှိ၊ စက်မှုလုပ်ငန်းများ ဝင်ရောက်ဝယ်ယူမှု ရှိ/မရှိ စသည်တို့ကို စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

DOCA(ကယား)