သထုံမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များသက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်း

Powered by Drupal

     မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းတို့ဖြင့် ရောင်းချပေးခြင်းတို့ကို ၂၁.၅.၂၀၂၅ ရက်နေ့ နံနက် (၇:၃၀) အချိန်တွင် သထုံခရိုင် ပြည်သူ့ဆေးရုံကြီး၌ စားသုံးသူရေးရာဦးစီးဌာန၊ သထုံမြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းသည် တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     ထိုသို့ဆောင်ရွက်ရာတွင် သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဇော်မိုးစိုး၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ဝင်းဇော် ဦးဆောင်သည့် အထူးကုဆရာဝန်ကြီးများ၊ သမားတော်များ၊ ခွဲစိပ်ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများမှ ကျန်းမာရေး စစ်ဆေးခြင်း၊ ကုသခြင်းနှင့် လိုအပ်သည့်ဆေးဝါးများ အခမဲ့ပေးအပ်ခြင်း၊  သထုံမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ  သထို့မြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းနှင့် ဝန်ထမ်းများက ကြီးကြပ်‌ဆောင်ရွက်ပြီး Myat Ah Kan စားအုန်းဆီကုမ္ပဏီမှ ပိဿာ (၄၄၀) အား တစ်ပိဿာလျှင် (၇၃၅၈) ကျပ်ဖြင့် လူတစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် ရောင်းချပေးခဲ့ခြင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ဆန် ကုန်သည်ကြီးများအသင်းမှ တာဝန်ရှိသူများ ပူးပေါင်းကာ သက်သာသောဈေးနှုန်းဖြင့် ဆန်၊ ဆီ၊ အသားငါး၊ ဟင်းသီးဟင်းရွက်၊ ကြက်ဥ စသည့် အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းတို့ကို ကြည့်ရှု့ပေးကာ လိုအပ်သည်တို့ကို ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

DOCA (မွန်)