လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များနှင့်တွေ့ဆုံခြင်း

Powered by Drupal

         ၂၀၂၅ ခုနှစ် ဧပြီလ ၂၄ ရက်နေ့ နံနက် (၁၀၀၀) နာရီချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး ၊ ခရိုင်ဦးစီးမှူးရုံးခန်းအတွင်း၌ ခရိုင်ဦးစီးမှူးဦးဇော်မင်းသည် ဖုန်းနှင့် ဆက်စပ်ပစ္စည်းအမျိုးမျိုး၊ လျှပ်စစ်ပစ္စည်းအမျိုးမျိုးရောင်းချသည့် အရောင်းဆိုင်ရှင်များနှင့် တွေ့ဆုံပွဲ ကျင်းပခဲ့ကြောင်းသိရပါသည်။

         တွေ့ဆုံရာတွင် ခရိုင်ဦးစီးမှူးမှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ (၃-၁၂-၂၀၂၃) ရက်နေ့ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အရ ဖုန်းနှင့်ဆက်စပ်ပစ္စည်းအမျိုးမျိုး၊ လျှပ်စစ်ပစ္စည်းအမျိုးမျိုးပေါ်တွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်သား သတ်မှတ်ချက်များ၊ အာမခံချက်ပေးခြင်းများနှင့်စပ်လျဉ်း၍ ကိုက်ညီမှုရှိရန် လိုအပ်ကြောင်း၊ ဌာနအနေဖြင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ကုန်ပစ္စည်းအလိုက်လိုအပ်သည့် မြန်မာအညွှန်းများမပါရှိပါက ဥပဒေနှင့်အညီ အ‌ရေးယူ ဆောင်ရွက်သွားမည်ဖြစ်၍ လိုက်နာဆောင်ရွက်ကြရန်လိုကြောင်း၊ Handset များရောင်းချရာတွင် Operation Manual Bookများကို မြန်မာဘာသာပြန်ထားရန်လိုအပ်ကြောင်း၊ အခုနောက်ပိုင်း ဖုန်းတော်တော်များများမှာ ဘာသာပြန်ထားသည်ကို တွေ့ရှိရကြောင်းစသဖြင့် အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ မိတ္ထီလာမြို့ပေါ်မှ ဖုန်းနှင့်ဆက်စပ်ပစ္စည်းအမျိုးမျိုး၊ လျှပ်စစ်ပစ္စည်း အမျိုးမျိုးအရောင်းဆိုင် လုပ်ငန်းရှင် (၁၅) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)