
စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဒုခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့တွင် မိတ္ထီလာမြို့နယ်အတွင်းရှိ ဈေးအရှေ့ပြင်ရပ်ကွက်ရှိ ထိန်ယွန်းလျှပ်စစ်ပစ္စည်းအမျိုးမျိုး အရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ဒုခရိုင်ဦးစီးမှူးမှ လျှပ်စစ်ပစ္စည်းအမျိုးမျိုး၊ ဖုန်းနှင့်ဆက်စပ်ပစ္စည်းတွင် ကုန်စည်အမျိုးစားအလိုက် ကုန်အညွှန်းအမှတ်သားများအား ပြည့်စုံစွာဖော်ပြရန်အတွက် မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်မှထုတ်ပြန်ထားရှိသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အမိန့် ကြေငြာစာ (၂/၂၀၁၉)အား ထုတ်ပြန်ထားရှိကြောင်းကိုလည်းကောင်း၊ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတွဲလျှက်ရှိစေဖော်ပြရမည့် အချက်အလက် များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိသော ကုန်ပစ္စည်းများကိုသာရောင်းချကြရန် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)