မင်္ဂလာဒုံမြို့နယ်ရှိ Yum Yum ULTRA လုပ်ငန်းသို့ အွန်လိုင်းမြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် ၂၂.၄.၂၀၂၅ ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် အွန်လိုင်းရောင်းချမှုနှင့်စပ်လျဉ်း၍ မှတ်ပုံတင်လျှောက် ထားသည့် Yum Yum ULTRA အမည်ဖြင့် စားသောက်ကုန်ပစ္စည်းများရောင်းချသည့်လုပ်ငန်းသို့ သွား ရောက်၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၁၉၇/၁၉၈/၁၉၉)၊ (၁၀)လမ်း၊ ရန်ကုန်စက်မှုဇုန်၊ မင်္ဂလာဒုံ မြို့နယ်ရှိ ဉီးထက်ဝေအောင်အား စစ်ဆေးချက် အချက်(၁၈)ချက်နှင့်ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်း၊  အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအဖြစ် သတ်မှတ်ထားသည့်အတွက် အခြားလိုအပ်ချက်များကိုလည်း အသိပညာပေးကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)