ဘိလပ်မြေအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

  (၂၃.၄.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)နာရီမှစ၍ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အထွေ ထွေအုပ်ချုပ်ရေးဉီးစီးဌာန၏ ဉီးဆောင်မှုဖြင့် အိမ်ဆောက်ပစ္စည်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ဆောင်ရွက်ခဲ့ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ အုပ်ချုပ်ရေးမှူး ဉီးထွန်းထွန်းလင်းပါ(၃)ဉီး၊ အနောက်ပိုင်းမြို့မရဲစခန်းမှ ရဲမှူးမောင်မောင်ကျော်ပါ(၄)ဉီး၊ မြို့နယ်စည် ပင်သာယာဉီးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဉီးစန်းမြင့်ပါ(၂)ဉီး၊ ပြည်တွင်းအခွန်များဉီးစီးဌာနမှ ဉီးစီးအရာရှိ ဉီးအောင်ကျော်မြင့်၊ စားသုံးသူရေးရာဉီးစီးဌာနမှ ဒုဉီးစီးမှူး ဒေါ်နီလာဉီးနှင့်ရပ်ကွက်အုပ် ချုပ်ရေးမှူး ပူးပေါင်းပါဝင်လျက် ရပ်ကွက်အတွင်းရှိ အိမ်ဆောက်ပစ္စည်းဆိုင်များဖြစ်သော အောင်သုခ၊ PRO 1 Globla၊ ကျော်နှင့် ရွှေအိမ်စည်ဆိုင်များတွင် SCG, Crown, အပါချီဘိလပ်မြေများကို ဝယ်ယူ ဈေးထက် သယ်ယူပို့ဆောင်ခပါပေါင်း၍ သင့်တင့်သောဈေးနှုန်းဖြင့် ပြန်လည်ရောင်းချပါကြောင်း၊ ပစ္စည်းအဝင်လည်း နည်းပါကြောင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိပါကြောင်း၊ ပစ္စည်းရှိလျှင် ဝယ်ယူသူအားလုံးကို ရောင်းချပေးနေပါကြောင်းနှင့် အခြားအိမ်ဆောက်ပစ္စည်းများလည်း ပြတ်လပ်မှု မရှိပါကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

DOCA(ရန်ကုန်)