ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

(၂၃.၄.၂၀၂၅)ရက်နေ့ နံနက်(၈:၃၀)နာရီအချိန်မှစ၍ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အထွေ ထွေအုပ်ချုပ်ရေးဉီးစီးဌာန၏ ဉီးဆောင်မှုဖြင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းဆိုင် များအား ကွင်း ဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ ဒုတိယ ဉီးစီးမှူး ဒေါ်မေဖူးငုံပါ(၂)ဉီး၊ အရှေ့ပိုင်းမြို့မရဲစခန်းမှ တပ်ကြပ်ကြီးစိန်မြပါ (၂)ဉီး၊ မြို့နယ် စည်ပင်သာယာဉီးစီးဌာနမှ ဒုတိယဉီးစီးမှူး ဉီးဇေယျာဟိန်းပါ(၂)ဉီး၊ ပြည်တွင်းအခွန်များ ဉီးစီးဌာနမှ ဒုတိယဉီးစီးမှူး ဉီးသန်းလှိုင်၊ စားသုံးသူရေးရာဉီးစီးဌာနမှ ဒုတိယဉီးစီးမှူး ဒေါ်လဲ့လဲ့စိုးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင်လျက် ရပ်ကွက်အတွင်းရှိ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များဖြစ်သော ထာဝရ၊ အောင်မြတ်ဟိန်း၊ OK၊ ဇော်ဝင်း၊ တိုးတက်အောင်ဆိုင်များတွင် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ၊ အခြားအိမ်ဆောက် ပစ္စည်းများလည်း ပြတ်လပ်မှုရှိ/မရှိနှင့် ပစ္စည်းများအား သိုလှောင်ထားခြင်းများ မရှိစေရန် တွေ့ရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

DOCA(ရန်ကုန်)