၂၃.၄.၂၀၂၅ ရက်နေ့ နံနက်(၉:၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဉီးအောင်မျိုးပါ(၈)ဉီး၊ စားသုံးသူရေးရာဉီးစီးဌာနမှ ခရိုင်ဉီးစီးမှူး ဉီးအောင်တင်စိုး၊ အင်းစိန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးမျိုးမြင့်ပါ(၅)ဉီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အင်းစိန်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန့်ဇင်ပါ(၅)ဉီး၊ အင်းစိန်မြို့နယ်၊ စည်ပင်သာယာအုပ်ချုပ်ရေးမှူး အမှုဆောင်အရာရှိ ဉီးဝင်းနိုင်၊ မြို့နယ်ပြည်တွင်းအခွန်များဉီးစီးဌာနမှ ဉီးစီးအရာရှိ ဉီးကျော်လွင်ဉီး၊ ရန်ကုန်တိုင်းဒေသကြီး အကောက်ခွန်ဉီးစီးဌာနမှ အကောက်ခွန်မှူး ဉီးထက်ခိုင်တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ပြည်တွင်း ကမ်းရိုးတန်းသွား ဆိပ်ကမ်းများဖြစ်သော ရွှေပြည်သာမြို့နယ်ရှိ ရွှေမဲဆိပ်ကမ်းနှင့်မုတ္တမဆိပ်ကမ်းတို့ တွင် (၄.၃.၂၀၂၅)ရက်နေ့မှစ၍ Border Trade Method ဖြင့် ကော့သောင်းမြို့မှတဆင့် ဘိလပ်မြေ တင်သွင်းလာခဲ့ပြီး ပြန်လည်ဖြန့်ဖြူးခဲ့သည့် အခြေအနေများအား စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)