ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများအား ကွင်းဆင်းစစ်ဆေးခဲ့

Powered by Drupal

      ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှုအရ အလုံခရိုင်၊ မရမ်းကုန်းခရိုင်၊ ကျောက်တံတားခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ဦးဇော်မင်းလတ် ခရိုင်ဦးစီးမှူး ဦးဆောင်သောပူးပေါင်းအဖွဲ့သည်  ၂၃-၄-၂၀၂၅ ရက်နေ့တွင် ကမ်းရိုးတန်းသွားရေယာဉ်များ ဆိုက်ကပ်သည့် ဆိပ်ကမ်းများဖြစ်သော ဘုရင့်နောင်ဆိပ်ကမ်း၊ ထူးဆိပ်ကမ်း နှင့်ဝါးတန်းဆိပ်ကမ်းများတွင် ရပ်နားထားသော ရေယာဉ်များတွင် တင်ဆောင်ထားသော ကုန်မျိုးစုံ၊ ခေါက်ဆွဲခြောက်၊ ဆပ်ပြာမှုန့်၊ ပီနံအိတ်ခွံများအား ပူးပေါင်းအဖွဲ့များဖြင့် ပူးပေါင်း၍ ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ပြီး ရေယာဉ်များတွင် လက်နက်ခဲယမ်းများ တင်ဆောင်မှုမရှိစေရေး စစ်ဆေးမှုများ ပြုလုပ်ခဲ့ပါသည်။

DOCA (ရန်ကုန်)