ဗဟိုစာရင်းအင်းအဖွဲ့များနှင့် ပုဇွန်တောင်ဈေးအတွင်းရှိ အသား၊ ငါးများ၏ စျေးနှုန်းများ၊ စျေးကွက်ဆိုင်ရာအခြေအနေများကို ကွင်းဆင်းစိစစ်ဆောင်ရွက်ခြင်း

Powered by Drupal

     ကုန်ဈေးနှုန်းကောက်ယူမှုလုပ်ငန်းဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်းညွှန် ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ထူးမြတ်အိ၊   ဦးစီးအရာရှိ ဒေါ်ခင်သီ၊ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးလှစိုး (ခရိုင်ဦးစီးမှူး)၊ ဒေါ်လဲ့လဲ့ဌေး (ဒု-ဦးစီး မှူး)၊ ဒေါ်ယုယုလွင် (ငယ်/ရေး)၊ ဗဟိုစာရင်းအင်းအဖွဲ့ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ‌ဒေါ်ချိုချိုလွင် နှင့်ဝန်ထမ်း ၃ ဦးတို့သည် ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေးတာဝန်ခံ ဦးစိုးနိုင်နှင့် တာဝန်ရှိသူများ ပူးပေါင်းပြီး ၂၄-၄-၂၀၂၅ ရက်နေ့၊ နံနက် ၁၀:၃၀ အချိန်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီလက်အောက်ရှိ အထက်ဌာနများသို့တင်ပြလျက်ရှိသည့် ပုဇွန်တောင်ဈေးအတွင်းရှိ အသား၊ ငါးများ၏ ဈေးနှုန်းများဈေးကွက်အတွင်း ဝင်ရောက်မှုအခြေအနေတို့ကို  ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့သည့် အသား၊ ငါးများမှာ မွေးမြူရေးကြက်၊ မြန်မာကြက်၊ ဝက် သား၊ ဘဲသား၊ ဆိတ်သား၊ အမဲသား၊ ငါးကြင်း၊ ငါးမြစ်ချင်း၊ ‌ရေချို၊ မွေးမြူရေးငါးခူ၊ ပုဇွန်ထုပ် (ကြီး)၊ ပုဇွန်ထုပ်(လတ်)၊ ငါးရံ့၊ ငါးကျည်း၊  ပုဇွန်ခြောက် (ကြီး)၊ ပုဇွန်ခြောက် (လတ်)၊ ပုဇွန်ခြောက် (သေး)၊ ငါးရံ့ခြောက် ၊ ငါးကျည်းခြောက်၊ အာဗြဲခြောက်တို့ဖြစ်ကြောင်း  သိရှိရပါသည်။

DOCA (ရန်ကုန်)