
ကုန်ဈေးနှုန်းကောက်ယူမှုလုပ်ငန်းဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်းညွှန်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ထူးမြတ်အိ၊ ဦးစီးအရာရှိ ဒေါ်ခင်သီ၊ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးလှစိုး (ခရိုင်ဦးစီးမှူး)၊ ဒေါ်လဲ့လဲ့ဌေး (ဒု-ဦးစီး မှူး)၊ ဒေါ်ယုယုလွင် (ငယ်/ရေး)၊ ဗဟိုစာရင်းအင်းအဖွဲ့ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ချိုချိုလွင် နှင့်ဝန်ထမ်း ၃ ဦးတို့သည် ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေးတာဝန်ခံ ဦးစိုးနိုင်နှင့် တာဝန်ရှိသူများ ပူးပေါင်းပြီး ၂၄-၄-၂၀၂၅ ရက်နေ့၊ နံနက် ၉:၃၀ အချိန်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီလက်အောက်ရှိ အထက်ဌာနများသို့ တင်ပြလျက်ရှိသည့် ပုဇွန်တောင်ဈေးအတွင်းရှိ ဟင်းသီးဟင်းရွက်များ၏ ဈေးနှုန်းများ ဈေးကွက်အတွင်း ဝင်ရောက်မှုအခြေအနေတို့ကို ကွင်းဆင်း စိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့သည့် ဟင်းသီးဟင်းရွက်များမှာ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ဂေါ်ဖီထုပ်၊ ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ဘူးသီး၊ ရှောက်သီး၊ ရွှေဖရုံသီး၊ မုန်လာဥ တို့ဖြစ်သည်။
DOCA (ရန်ကုန်)