“ ကွမ်းခြံကုန်းမြို့နယ်ဈေးကွက်အတွင်း ရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ စိစစ်ခြင်း”

Powered by Drupal

       ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ သင်္ကြန် ကာလအပြီး အခြေခံစားသောက်ကုန်ဈေးနှုန်းများ ဈေးနှုန်းမြင့်တက်နေခြင်းရှိ/မရှိ စုံစမ်းစိစစ်နိုင်ရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ဧပြီလ  ၂၂ ရက်နေ့၊ နံနက် ၉:၀၀ နာရီအချိန်တွင် ကွမ်းခြံကုန်းမြို့နယ် မြို့မဈေးတွင် ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရသည်။

    အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာရေးမြို့မဈေး တာဝန်ခံ ဦးဇော်အေးမင်း၊ ကျန်းမာရေး ၃ ဦးထွန်းထွန်း၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ ပူးပေါင်း၍ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

    ထိုသို့ကွင်းဆင်းစိစစ်ရာတွင် အခြေခံစားကုန်များဖြစ်သော ဆန်ဈေးနှုန်းများကို ဆိုင်အမှတ် ၅၅၊ ကိုရန်ကုန်သား ဆန်ဆိုင်၊ ဆိုင်အမှတ် ၂၁၈ အောင်မိသားစု ဆန်နှင့်ဆန်ထွက်ပစ္စည်းရောင်းဝယ် ရေးဆိုင်များသို့လည်းကောင်း၊ ဆီဈေးနှုန်းများကို ဆိုင်အမှတ် ၂၅ ဒေါ်ကျင်သန်း ကုန်မျိုးစုံဆိုင်မှ လည်းကောင်း၊ စားဖိုဆောင်သုံး ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးပု၊ ငရုတ်ရှည်၊ အာလူး၊ ကုလားပဲ၊ ဆား၊ သကြားဈေးနှုန်းများကို ဆိုင်အမှတ် (၅/၆) ဒေါ်ရီရီသန်း ကုန်စုံဆိုင်မှလည်းကောင်း၊ အသားငါးဈေးနှုန်းများဖြစ်သော ငါးကြင်း၊ ငါးမြစ်ချင်း ဈေးနှုန်းများကို သားငါးတန်းမှ ဒေါ်အေးအေး အောင် ငါးမြစ်ချင်း၊ ငါးကြင်းရောင်းသည့်ဆိုင်မှလည်းကောင်း၊ ကြက်သားဈေးနှုန်းများကို ဒေါ်ရွှေ ရည်ဝင်းဆိုင်မှလည်းကောင်း၊ ဝက်သားဈေးနှုန်းကို ဦးအောင်လင်းထိုက်ဆိုင်မှလည်းကောင်း၊ အမဲ သားဈေးနှုန်းကို ဒေါ်မိုးမြင့်ဝေ ဆိုင်မှလည်းကောင်း၊ ငါးပိဈေးနှုန်းကို ဆရာမ ငါးပိ၊ ငါးခြောက်ဆိုင်မှ လည်းကောင်း၊ ကြက်ဥ၊ ဘဲဥ ဈေးနှုန်းများကို ဒေါ်နေခြည်ဆိုင်မှလည်းကောင်း စုံစမ်းမေးမြန်းစိစစ်ခဲ့ ကြောင်း သိရသည်။

     ထိုနောက် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက ဆန်ဆိုင်များ နှင့် စားအုန်းဆီရောင်းချသော ဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးတို့ကို မှာကြားပြီး ကျန်အခြေခံစားသောက်ကုန်များ၊ အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥရောင်းချသော လုပ်ငန်းရှင်များကိုလည်း စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်စေရေး၊ ဈေးနှုန်းမြှင့်တင်မှုမရှိစေရေး၊ ပစ္စည်းပြတ်လပ်မှုမရှိစေရေးတို့ကို အလေးထားဆောင်ရွက်နေကြောင်းနှင့် စားသုံးသူများအား ဘေး အန္တရာယ်ကင်းရှင်းစွာနှင့် လွယ်ကူစွာ ဝယ်ယူစားသောက်နိုင်ရေး၊ စေတနာထားရောင်းချသွားကြရန် လုပ်ငန်းရှင်များကို တွေ့ဆုံဆွေးနွေး ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရသည်။

DOCA (ရန်ကုန်)