စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်၊ တင်သွင်း၊ ဖြန့်ဖြူးရောင်းချသော လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၅ ခုနှစ်၊ မေလ( ၁၅ ) ရက်နေ့၊ နေ့လယ်( ၁၄:၀၀ )နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်၊ တင်သွင်း၊ ဖြန့်ဖြူးရောင်းချ နေသော လုပ်ငန်းရှင်များနှင့်  တွေ့ဆုံဆွေးနွေးခြင်းဆောင်ရွက်ခဲ့ပြီး အဆိုပါတွေ့ဆုံဆွေးနွေးပွဲ တွင် စားသုံးသူရေးရာဦးစီးဌာန၊ ခေတ္တပြည်နယ်ဦးစီးမှူး ဦးမိုးညွန့်ဦး က စားသုံးသူ ကာကွယ် ရေး ဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ လုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်၊ တင်သွင်း၊ ဖြန့်ဖြူးရောင်းချနေသော လုပ်ငန်းရှင် များလိုက်နာ ဆောင်ရွက်ရမည့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မတီ၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အား အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော လုပ်ငန်းရှင်များမှ သိရှိလို သည်များ အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြပြီး တွေ့ဆုံဆွေးနွေးပွဲအား နေ့လယ်(၁၅:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ကယား)