အုတ်ဖိုမြို့နယ်အတွင်းဆန်ဈေးကွက်သင့်တင့်မျှတသောဈေးဖြင့် ရောင်းချနိုင်ရေးဆန်ကုန်သည်များနှင့်တွေ့ဆုံ

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊အုတ်ဖိုမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့်ပူးပေါင်း၍ ပြည်တွင်း၌ဆန်စပါးဖူလုံရေး၊ပြည်ပသို့စနစ်တကျ တင်ပို့ရောင်း ချနိုင်ရေး ဆန်စပါးဈေးနှုန်းဈေးကွက် တည်ငြိမ်ရေးဈေးနှုန်းမြင့်တင်ရောင်းချမှု့မျိုး မဖြစ်ပေါ်စေရေး အတွက် သင့်တင့်မျှတသော ဆန်ဈေးနှုန်းဈေးကွက်များ ထုတ်ပြန်၍ထိန်းကျောင်းလျက်ရှိပါသည်။

  သို့ဖြစ်၍အုတ်ဖိုမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံနှင် ဝန်ထမ်းများသည် မြို့နယ်အတွင်းရှိ ဆန်စပါးကုန်သည်အသင်းမှ ဥက္ကဌ၊ အသင်းဝင်များနှင့် ပူးပေါင်း၍ အုတ်ဖိုမြို့နယ်အတွင်းရှိ ဆန်ပွဲရုံ၊ဆန်လက်လီလက္ကား ရောင်းချသူများနှင့် တွေ့ဆုံ၍ ၂၀၂၅ခုနှစ်မေလအတွက် သတ်မှတ်ထုတ်ပြန်ထားသော သင့်တင့်မျှတသည့် ဈေးနှုန်းဖြင့်ရောင်းချ နိုင်ရေးဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

DOCA(ပဲခူး)