ပဲဈေးကွက်အခြေအနေ

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပဲဈေးကွက်အနေဖြင့် ဧပြီလနောက်ဆုံး ပတ်တွင် မတ်ပဲ ၂၀ ပိဿာတစ်တင်းကို ၉၇,၅၀၀ ကျပ်ရှိခဲ့ပြီး၊ မေလပထမပတ်နှင့် ဒုတိယပတ်တို့ တွင် ၉၆,၅၀၀ ကျပ်သာရှိခဲ့ကာ ဈေးနှုန်းမြင့်တတ်လာခဲ့ခြင်းမရှိဘဲ ဈေးငြိမ်လျက်ရှိပါကြောင်း၊ ပဲငါးပိ ၂၀ ပိဿာတစ်တင်းကို ၁၀၅,၄၀၀ ကျပ်၊ ပဲယင်း ၂၀ ပိဿာတစ်တင်းကို ၈၅,၀၀၀ ကျပ်၊ဘိုကိတ် တစ်ပြည်ကို ၇,၀၀၀ ကျပ်၊ ပဲနီစေ့တစ်ပြည်လျှင် ၇,၅၀၀ ကျပ်၊ ပဲဖြူလေးတစ်ပြည်ကို ၁၁,၀၀၀ ကျပ်၊ စားတော်ပဲတစ်ပြည်ကို ၉,၀၀၀ ကျပ်ဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေကြောင်း ပဲကုန် သည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA (ပဲခူး)