
ပြည်မြို့တွင်းအရောင်းအဝယ်ဖြစ်လျက်ရှိသော စားတော်ပဲသီးနှံသည် လက်လီအရောင်းအဝယ်သာရှိပြီး တစ်ခါတစ်ရံမှသာ လှောင်သမာများအဝယ်ရှိပါသည်။ စားတော်ပဲကို မြို့တွင်း စားသုံးမှုအတွက် သာအဝယ်ရှိပါသည်။ ယခုအခါ စားတော်ပဲ အသစ်များ အဝင်ရှိနေပြီး အဝင်နည်းနေပြီဖြစ်ပါသည်။ ပဲစတင် ပေါ်စအချိန်တွင်မတ်လတွင် စားတော်ပဲတစ်တင်းကို (၁၂၅၀၀၀)ကျပ်ဖြင့်ဈေးစတင်ဖွင့်ခဲ့ပါသည်။
ယခုလတွင် စားတော်ပဲဈေးတက်လာပြီး အဝင်လည်းနည်းနေပြီဖြစ်၍ စားတော်ပဲ(ကျွန်း) တစ်တင်းကို (၁၅၅၀၀၀)ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကို အိတ် (၂၅/၅၀)ခန့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။
DOCA(ပဲခူး)