
ဝါးပင်မဖြစ်မီစ၍ ပေါက်လာသောဝါးစို့ပေါက်ကို လူအများကချိုးယူ၍ မျှစ်စို့ပေါက်အဖြစ် မျှစ်စပ်၊ မျှစ်ချဉ်၊ မျှစ်ပြုတ်အဖြစ် အမျိုးမျိုးချက်ပြုတ်၍စားသောက်ကြပါသည်။ မျှစ်စို့ပေါက်ကို မိုးရာသီအချိန်တွင် အများအပြားရရှိနိုင်သဖြင့် စားသုံးသူများက သူ့ချည်းပဲဖြစ်စေ၊ အချဉ်လုပ်၍ဖြစ်စေ ကြက်သား၊ ငါးတို့ဖြင့်ရော၍ဖြစ်စေ စားသောက်ကြပါသည်။ မျှစ်စပ်မှာ လူအများကြိုက်သော အစားအစာဖြစ်၍ အရောင်းအဝယ်ဖြစ်ကြပါသည်။ မိုးရွာလိုက်၊ နေပူလိုက် အချိန်တွင် ဝါးစို့များမြေကြီးထဲမှ ထိုးထွက်လာပြီး မျှစ်ချိုးသူများကတောထဲတွင် သွားရောက်ချိုးယူပြီး မျှစ်စပ်လုပ်၍ ဈေးကွက်တွင် သွားရောက်ရောင်းချပါသည်။ ခုချိန်သည်မျှစ်စပ်များပေါ်စအချိန်ဖြစ်၍ ဈေးလည်းမြင့်သလို တစ်ဆယ်ကျပ်သားလျှင် ၁၀၀၀ကျပ်ဖြင့်ရောင်းချကြပါသည်။ ယခင်နှစ် မျှစ်စပ်ပေါ်ချိန်တွင် တစ်ဆယ်ကျပ်သားလျှင် ၇၀၀ကျပ်ဖြင့်ရောင်းချကြသဖြင့် ယခုနှစ်တွင် ဈေးပိုမြင့်လာခဲ့ပါသည်။
DOCA(ပဲခူး)