ကျိုက်ထိုမြို့နယ်တွင် သောက်ရေသန့်စက်ရုံများအား ကွင်းဆင်းစစ်‌ဆေး

Powered by Drupal

    ၁၉.၅.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျိုက်ထိုခရိုင်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ ဦးကံစောလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးတင့်လွင်၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဦးစည်သူတို့ ပူးပေါင်း၍ ကျိုက်ထိုမြို့နယ်ရှိ သောက်ရေသန့်စက်ရုံများအား ကွင်းဆင်းစစ်‌ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျိုက်ထိုမြို့နယ်ရှိ “Fresher” သောက်ရေသန့်စက်ရုံ နှင့် “First December” သောက်ရေသန့်စက်ရုံတို့အား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကျိုက်ထိုခရိုင် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးကံစောလှိုင်က သောက်ရေသန့်စက်ရုံများအနေဖြင့် သောက်ရေသန့်ထုတ်လုပ်ရာတွင် စက်ရုံဝန်ထမ်းများ၏ တစ်ကိုယ်ရေသန့်ရှင်းရေးကောင်းမွန်အောင် ဆောင်ရွက်လုပ်ဆောင်ရန်၊ ‌ရေသန့်ပို့ဆောင်ဖြန့်ဖြူးရာတွင် မြို့နယ်အနှံ့ဖြန့်ဖြူး ပို့ဆောင်ရန်၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များအား စက်ရုံ၏မြင်သာသော နေရာများတွင် ချိတ်ဆွဲထားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)