စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးတွင်လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးနှင့် ဝန်ထမ်းထု ဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) အခမ်းအနားကျင်းပပြုလုပ်

Powered by Drupal

   ၂၀၂၅ ခုနှစ်၊ မေလ ၁၉ ရက်နေ့၊ နံနက် (၁၀း၃၀) နာရီအချိန်တွင်၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိ နှိုင်းအစည်းအဝေးနှင့် ဝန်းထမ်းထုဆန္ဒ ဖော်ထုတ်ပွဲ(ဒါဘာ) အစည်းအဝေးအား (Virtual) စနစ်ဖြင့် ပြုလုပ်ခဲ့ရာ တိုင်းဦးစီးမှူးရုံးဝန်ထမ်းများ၊ မြိတ်ခရိုင်ရုံးဝန်ထမ်းများ၊  ကော့သောင်းခရိုင် ဝန်ထမ်းများ တက်ရောက်ခဲ့ပါသည်။

   လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် တိုင်းဦးစီးမှူးဦးစိုးဦးမှ ဝန်ထမ်းများအား ရုံးချုပ်၏ လမ်းညွှန်ချက်များအား ပြောကြား၍ သက်ဆိုင်ရာခရိုင်မှူးများက မိမိတို့ဆောင်ရွက်နေသော လုပ်ငန်း များ၏ ဆောင်ရွက်ချက်များ အားတင်ပြခဲ့ရာ တိုင်းဦးစီးမှူးမှ ခရိုင်များတွင် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများအား ပေါင်းစပ်ဆောင်ရွက်သွားရန်မှာကြားခဲ့ပါသည်။

   ဆက်လက်၍ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ)အစည်းအဝေးအား ကျင်းပခဲ့ပြီး သက်ဆိုင်ရာ ခရိုင်များမှ မိမိတို့ခရိုင်များ၏ လိုအပ်ချက်များအား တင်ပြခဲ့ရာ တိုင်းဦးစီးမှူးမှ လိုအပ်သည်များကို ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး အစည်းအ‌‌ဝေးအား နေ့ခင်း (၁၂း၀၀)နာရီအချိန်တွင် ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)