
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြည်တော်သာရပ်ကွက်ရှိ ဆန်ဆိုင်များတွင် ရောင်းချလျက်ရှိသော ရွှေဘိုပေါ်ဆန်းနှင့် ဧရာဝတီပေါ်ဆန်း ဆန်များအား သတ်မှတ် ရည်ညွှန်းဈေးများအတိုင်း ရောင်းချမှုရှိ/မရှိနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေးကို ပူးပေါင်းအဖွဲ့ဖြင့် မေလ(၁၆)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်နိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးပြည့်ဖြိုးအောင်နှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံ ဦးတင်မင်းတို့ ပူးပေါင်းအဖွဲ့သည် ကော့မှူးမြို့နယ်၊ ပြည်တော်သာရပ်ကွက်ရှိ ဦးထွန်း လွင်ဆန်ဆိုင်နှင့် မကျီးတန်းရပ်ကွက်ရှိ ဒေါ်ဇင်မာဦး ဆန်ဆိုင်တို့အား ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ၎င်းဆန်ဆိုင်များတွင် ရောင်းချနေသော ဧည့်မထဆန်၊ ဧရာဝတီပေါ်ဆန်းဆန်၊ ကြားပျံ၊ ရွှေဘိုပေါ်ဆန်းဆန်များ၏ ရောင်းဈေးနှုန်းများ ကောက်ခံခြင်း၊ သိုလှောင်ထားရှိသော ဆန်အိတ်အရေအတွက် လက်ကျန်စာရင်းများ ကောက်ခံခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးများအတိုင်း ရောင်းချခြင်းရှိ/မရှိနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိမရှိတို့အား စစ်ဆေးမှုများ ပြုလုပ်ရာတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းနှင့် ရောင်းလျက်ရှိကြောင်း တွေ့ရှိရပြီး ဆိုင်ပိုင်ရှင်များအား ဆန်များရောင်းချရာတွင် စီးပွားရေးကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လစဉ်သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းများအား ထုတ်ပြန်ပေးလျက်ရှိရာ သယ်ယူ၊ သိုလှောင်စရိတ်များအပါ သတ်မှတ်ရည်ညွှန်းဈေးများအတိုင်း ရောင်းချကြရန်နှင့် ဈေးနှုန်း မြှင့်တင်ရောင်းချပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာ ပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)