
၂၃-၄-၂၀၂၅ ရက်နေ့ နေ့လည် ၁၃:၀၀ နာရီအချိန်က စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအူပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွကပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ တို့ပူးပေါင်း၍ အိမ်သုံးကျန်းမာရေးအထောက်အကူပြု ဆေးအမျိုးမျိုးနှင့် အိမ်ဆောက် ပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှု ရှိ/မရှိနှင့် ကုန်ဈေးနှုန်း တည်ငြိမ်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဆေးအမျိုးမျိုးအရောင်းဆိုင် ဦးကျားဗိုလ်၊ မြမဉ္ဇူ၊ စောဒေဝီ ဆေးဆိုင်များနှင့် ရတနာထွန်း အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ဦးစစ်ငွေ အိမ်ထောက်ပစ္စည်းအရောင်းဆိုင် တို့မှ ရောင်းချသောဈေးကွက်ဈေးနှုန်းအခြေအနေများကို စစ်ဆေးဆောင်ရွက်ခဲ့ရာ ဈေးကွက်အတွင်း ဆေးဝါးများ ပုံမှန်ရောင်းချလျှက်ရှိပြီး ပစ္စည်းပြတ်လပ်မှု မရှိကြောင်း၊ တရားဝင်မှတ်ပုံတင်ထားသောဆေးဝါးများကိုသာ ရောင်းချကြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများနှင့် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမပြုရန်၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များကို အသိပညာပေးဆွေးနွေးခဲ့ပြီး အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များအား စစ်ဆေးရာ ဘိလပ်မြေအမျိုးအစား၊ ရောင်းဈေး၊ ပစ္စည်းပြတ်လပ်မှု ရှိ/မရှိ နှင့် သိုလှောင်ထား ရှိမှု ရှိ/မရှိကိုစစ်ဆေးခြင်း၊ မအူပင်ဈေးကွက်အတွင်း အခြားသောအိမ်ဆောက်ပစ္စည်းများ ပုံမှန်ဈေးဖြင့် ရောင်းချနေပြီး၊ ဘိလပ်မြေများများ လက်ကျန်မရှိ ရန်ကုန်မှာ မှာယူ၍ မရကြောင်း ဈေးနှုန်းတည်ငြိမ်စွာဖြင့်ရောင်းချနေကြောင်း စစ်ဆေးချက်အရ သိရှိရပါသည်။
DOCA(ဧရာဝတီ)