ရန်ကုန်မြို့ဆီကုမ္ပဏီများမှ ရောင်းချပေးသော စားအုန်းဆီများမြိတ်သို့ ရောက်ရှိ

Powered by Drupal

    စားအုန်းဆီများကို ရန်ကုန်တိုင်း‌ဒေသကြီးရှိ ဆီကုမ္ပဏီများမှ မြိတ်ခရိုင်အပါအဝင် အခြားတိုင်းနှင့်ပြည်နယ်များသို့  ဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး သတ်မှတ်ရည်ညွှန်းစျေးနှင့် သတ်မှတ်ခွဲတမ်းများဖြင့် တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ခုနှစ်၊ မေလ(၁၉) ရက်နေ့တွင် Myanmar Oil Alliance ကုမ္ပဏီမှ ဖြန့်ခွဲရောင်းချပေးသော ယာဉ်အမှတ် 2J-5724 တွင် စားအုန်းဆီ (၆၆) ပေပါသည်လည်းကောင်း၊ Yadanarbon Global Network Distribution ကုမ္ပဏီမှ ဖြန့်ခွဲရောင်းချပေးသော ယာဉ်အမှတ် 2J-5724တွင် စားအုန်းဆီပေပါ (၅၄) ပေပါသည် လည်းကောင်း၊ Global Good Pure Group ကုမ္ပဏီမှ ဖြန့်ခွဲရောင်းချပေးသော ယာဉ်အမှတ် 6D-4521တွင် စားအုန်းဆီ (၇၂) ပေပါ၊ စုစုပေါင်း စားအုန်းဆီ (၁၉၂) ပေပါသည် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါစားအုန်းဆီများကို ၂ ရာခိုင်နှုန်း အမြတ်ဖြင့် လက်လီဆိုင်များသို့ ခွဲဝေ‌ရောင်းချ ပေးသွားမည်ဖြစ်ကြောင်းနှင့် ၎င်းတို့မှတဆင့် ပြည်သူများသို့ ရောင်းချပေးမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)