
၂၃-၄-၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀)နာရီမှ (၁၁:၄၅) အချိန်အထိ ဓနုဖြူမြို့နယ် စားသုံးသူ ရေးရာဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ တို့ပူးပေါင်း၍ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းနှင့် အခြေခံစားသောက်ကုန်စည်များ ကုန်ဈေးနှုန်းတည်ငြိမ်မှု ရှိမရှိ ကုန်ဈေးနှုန်း မြင့်တက်မှု မရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ပူးပေါင်းအဖွဲ့က ၅ရပ်ကွက်နှင့် မြို့မဈေးအတွင်း အခြေခံစားသောက်ကုန် ၅ဆိုင်ဖြစ်သော ဦးကျင်လှ၊ လမင်း၊ ဦးကျော်ဆွေဝင်း၊ ဒေါ်ရှုဝမ်၊ ဦးတင်အေး ကုန်စုံဆိုင်မှ ရောင်းချသော အခြေခံစာသောက်ကုန်ဈေးနှုန်းများကို မေးမြန်းခဲ့ရာ ကုန်စည် ဈေးနှုန်းများ ပုံမှန် တည်ငြိမ်လျှက်ရှိကြောင်း တွေ့ရှိရပြီး ဆိုင်ရှင်များကို သင့်တင့်မျှတသောဈေးဖြင့်သာ ရောင်းချရန် ဈေးကစားခြင်းမပြုရန် အသိပေးပြောကြားခဲ့ပြီး ဆက်လက်၍ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းအရောင်းဆိုင်(၅)ဆိုင်ဖြစ်သော၁၃ရပ်ကွက်၊ ၂ရပ်ကွက်၊ ၁၈ရပ်ကွက်ရှိ ဦးဟန်းမြင့်၊ အဏ္ဏဝါ၊ ကိုအောင်ဝင်း၊ စိန်မိသားစု၊ စူပါအောင် အရောင်ဆိုင်များအား ဆက်လက်စစ်ဆေးရာ ဆောက်လုပ်ရေးပစ္စည်း ဘိလပ်မြေ ရန်ကုန်မှ မှာယူရ ခက်ခဲ့ ကြောင်း ပစ္စည်းပြတ်လပ်မှုများရှိကြောင်း သိရှိရပြီး ပစ္စည်းများ သိုလှောင်ထားခြင်း မရှိကြောင်း အိမ်ဆောင်ပစ္စည်းများ ဈေးနှုန်းပုံမှန်ဖြင့်ရောင်းချနေကြောင်း စစ်ဆေးဆွေ့ရှိရသည်။ ဆိုင်ရှင်များကို ယနေ့ဖြစ်ပေါ်နေသော သဘာဝဘေးအမျိုးမျိုးကြောင့် ကုန်စည်များကို ဈေးကစားခြင်းမျိုး မပြုလုပ်ရန် ရန်ကုန်မှ မှာယူရသော ကုန်စည်ဘောင်ချာဖြတ်ပိုင်များကို စနစ်တကျသိမ်းဆည်း ထားရန် လုပ်ငန်းရှင်များက သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ရန် မှားကြားခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)