တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ မိုဘိုင်းဖုန်းဆိုင်များအားကွင်းဆင်းစစ်ဆေး

Powered by Drupal

     တနင်္သာရီတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနှင့် ဝန်ထမ်းများသည် ကုန်သွယ်ရေးဦးစီးဌာန၊ မြိတ်ကုန်သွယ်ရေးစခန်းမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ (၁၉.၅.၂၀၂၅)ရက်နေ့၊ မွန်းလွဲ(၂း၀၀)နာရီအချိန်တွင် မြိတ်မြို့ပေါ်ရှိ မိုဘိုင်းဖုန်း၊ ကြိုးဖုန်း၊ လက်တော့၊ တီဗီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

     ထိုသို့စစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသားစစ်ဆေးခြင်း၊ တရားမဝင်ကုန်ပစ္စည်းများရောင်းချမှုမရှိစေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)