ရွှေဘိုမြို့ တွင်ရောင်းချသည့် အသားဟင်းလျာချက်ဟင်းများနှင့် အရံဟင်းဈေးနှုန်းများ

Powered by Drupal

     ရွှေဘိုမြို့သည် စီးပွားရေးအချက်အခြာကျသည့် မြို့တော်ဖြစ်ရာ ရွှေဘိုမြို့၏ အနီးတဝိုက်ရှိမြို့များ၊ ကျေးရွာများမှ ရွှေဘိုမြို့သို့ လာရောက်ပြီး ဈေးရောင်းချသူများ ဈေးဝယ်သူများဖြင့် စည်ကားလျက်ရှိရာ ဈေးများ၊ ခရီးသည် အသွားအလာများသည့်ကားဂိတ်များ၊ လမ်းဆုံလမ်းဂွများတွင် ထမင်းနှင့်ဟင်းများကို ဆိုင်ခန်းများဖြင့်သော်လည်းကောင်း၊ တွန်းလှည်းများဖြင့်သော်လည်း ကောင်း ရောင်းချလျက်ရှိရာ ခရီးသွားပြည်သူများမှ ဆိုင်ထိုင်စားရာတွင်လည်းကောင်း၊  ဆွမ်းချိုင့်ပို့ရာတွင်လည်းကောင်း၊ အလုပ်များ၍ မချက်ပြုတ်နိုင်သည့် အိမ်ရှင်မများ အလွယ်တကူဖြစ်စေရန် ချက်ဟင်းများကို ဝယ်ယူကြကြောင်း သိရှိရပါသည်။

     ဆိုင်ထိုင်စားရာတွင် အသားဟင်း(၁)ပွဲနှင့် အခြားအရံဟင်းများ၊ ပဲ၊ ချဉ်ရေ၊ ငပိရည်တို့စရာ အပါအဝင် တစ်ပွဲပြင်လူ(၁)ဦးလျှင်(၆၀၀ဝိ/-)ကျပ်၊ အဝစားလျှင်(၇၀၀ဝိ/-)ကျပ်ဖြင့် ရောင်းချလျက် ရှိပြီး ထမင်းဖြူ(၁)ထုပ်လျှင်(၁၀၀ဝိ/-)ကျပ်၊ ချက်ဟင်းများမှာ ဝက်သားချက်(၃)တုံးလျှင်(၅၀၀ဝိ/-) ကျပ်၊ ကြက်သားချက်(၁)ပွဲလျှင်(၆၀၀ဝိ/-)ကျပ်၊ ငါးဖယ်ဆုပ်(၃)လုံးလျှင်(၂၀၀ဝိ/-)ကျပ်၊ ငါးလေး အိုးကပ်(၁)ပွဲလျှင်(၅၀၀ဝိ/-)ကျပ်၊ ဆိတ်သားလုံး (၁)လုံးလျှင်(၁၀၀ဝိ/-)ကျပ်၊ ငါးမြင်းချက်(၁)ပွဲ လျှင်(၃၅၀ဝိ/-)ကျပ်၊ အမဲနပ်(၁)ပွဲလျှင်(၆၀၀ဝိ/-)ကျပ်၊ ခရမ်းချဉ်သီးငပိချက်(၁)ပွဲလျှင် (၁၀၀ဝိ/-) ကျပ်၊ ခရမ်းသီးနှပ်(၁)ပွဲလျှင် (၁၀၀ဝိ/-)ကျပ်၊ ကုလားပဲနှပ်(၁)ပွဲလျှင် (၁၀၀ဝိ/-)ကျပ်၊ ဟင်းသီး ဟင်းရွက်ကြော်(၁)ပွဲလျှင် (၁၀၀ဝိ/-)ကျပ်ဖြင့် ရောင်းချလျက်ရှိသည့်အပြင် ရာသီပေါ်သီးနှံများကို လည်းကြော်၍ရောင်းချချကြောင်း၊ ငပိရည်နှင့်တို့စရာအတို့အမြုပ် (၁)ပွဲလျှင်(၁၀၀ဝိ/-)ကျပ်ဖြင့် ရောင်းချပြီး အသားဟင်း(၅၀၀ဝိ/-)ဖိုး ဝယ်ယူပါက ချဉ်ရေ(၁)ထုပ် လက်ဆောင်ပေးကြောင်း ချက်ဟင်းရောင်းချသည့်ဆိုင်မှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)