
ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ သတင်း/နည်း ဌာနခွဲ တာဝန်ခံ အကြီးတန်းစာရေး ဦးဇင်ဘိုရှိုင်းနှင့် ဝန်ထမ်းတို့သည်၂၀၂၅ ခုနှစ်၊ဧပြီလ (၂၂) ရက် နံနက် (၁၀:၀၀) နာရီအချိန်တွင် ပြန်/ဆက်ဦးစီးဌာနနှင့် ပူးပေါင်း၍ သတင်းလုပ်ငန်းတာဝန်များ အသိပညာပေး Talk Show ကျင်းပ ပြုလုပ်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲ ရေးဌာနခွဲအနေဖြင့် ဆန်စပါးသိုလှောင်ရုံများ MYRO တွင် မှတ်ပုံတင်ထားရှိနိုင်ရေး သက်တမ်းကုန်ဆုံး သွားသည့် သိုလှောင်ရုံများ သက်တမ်းတိုးစနစ် ပြန်လည်လျှောက်ထားသည့် ဆန်စက် နှင့်သိုလှောင်ရုံ များအား စာရင်းပြုစုထားပြီး အသစ်ထပ်လျှောက်ထားလိုသည့် သိုလှောင်ရုံများကိုလည်း ဆက်လက် စာရင်းထားရှိခြင်း၊ (၁၅)ရက် တစ်ကြိမ် ပေါင်းဆန်ကြိတ်ခွဲ ထုတ်လုပ်မှု စာရင်း လစဉ် ပြုစုပေးပို့ခြင်း ၊ အသေးစားလုပ်ငန်းများ ပိုမိုကျယ်ပြန့်လုပ်ကိုင် နိုင်အောင် သတင်းအချက်အလက်များ မျှဝေပေးခြင်း၊ ဒေသထွက်ကုန်များအကြောင်း ကွင်းဆင်း လေ့လာ ၍ သတင်းအချက်အလက်များ မျှဝေပေးခြင်း တို့ကို လုပ်ဆောင်လျှက်ရှိပါသည်။ သတင်းပါဝင် ရေးသားမှုအနေဖြင့် လစဉ်ထုတ်ကောမက်ဂျာနယ်တွင် သတင်းပါဝင်နိုင်ရေး အတွက် ဆောင်းပါးများရေးသား ပြုစုပေးပို့ခြင်း၊ စားသုံးသူရေးရာဦးစီးဌာန အနေ ဖြင့် လုပ်ဆောင် လျှက်ရှိသော အသိပညာပေး ဟောပြောပွဲများ၊ အခြေခံစားကုန်များ၊ ဆေးဝါးများ ကွင်းဆင်းစစ်ဆေးမှု သတင်းများ၊ ကုန်ဈေးနှုန်း တည်ငြိမ်ရေး အတွက် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်း စစ်ဆေးသည့် သတင်းများ၊ ဆန်လိုတိုင်းများသို့ ဆန်တင်ပို့မှု အခြေအနေ သတင်းများကို ရေးသား ပေးပို့လျက်ရှိပြီး စားသုံးရေးရာဦးစီးဌာန၏ website များအကြောင်း အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)