“ကျိုင်းတုံရေတံခွန်” အမှတ်တံဆိပ် သောက်ရေသန့်ထုတ်လုပ်ရေးစက်ရုံအား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

     ၂၀၂၅ ခုနှစ်၊ မေလ (၁၄)ရက်နေ့၊ နံနက်(၀၉:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး(ဦးစီးမှူး) ဦးဆောင်ပြီး ခရိုင်အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ရပ်ကွက်(၅) အတွင်းရှိ “ကျိုင်းတုံ ရေတံခွန်” အမှတ်တံဆိပ် သောက်ရေသန့်ထုတ်လုပ်ရေးစက်ရုံအား ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိ စေရေး၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြပါရှိရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ရာတွင် “ကျိုင်းတုံရေတံခွန်” အမှတ် တံဆိပ် သောက်ရေသန့်ထုတ်လုပ်သည့်စက်ရုံလုပ်ငန်းအနေဖြင့် သက်ဆိုင်ရာဌာန၏ ထောက်ခံချက် များနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

   ဆက်လက်၍ စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို သိရှိလိုက်နာဆောင်ရွက်စေရန် အသိပညာပေး ဆွေးနွေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)