ပီလောပီနံအကြမ်းမှုန့်ထုတ်လုပ်နေမှုအား ကွင်းဆင်းလေ့လာတင်ပြခြင်း

Powered by Drupal

     ကျုံပျော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် သဖန်းချောင်းကျေးရွာ အုပ်စု၊ ပက်ပက်ပင်းကျေးရွာတွင် MSMEs လုပ်ငန်းတစ်ခုဖြစ်သော  ပီလောပီနံအကြမ်းမှုန့် ထုတ်လုပ်နေသောလုပ်ငန်းရှင် ဦးကိုဦးအား (၁၂.၅.၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် သွားရောက်တွေ့ဆုံ၍ ပီလောပီနံအကြမ်းမှုန့်နှင့် ဆက်စပ်ထုတ်ကုန်များ၏ ဈေးနှုန်းဈေးကွက်နှင့် အကျိုးအမြတ်တို့အား ဆွေးနွေးမေးမြန်းခဲ့ပါသည်။

         ဆွေးနွေးမေးမြန်းရာတွင် ပိုင်ရှင် ဦးကိုဦးမှ လုပ်သားအင်အား(၂၅) ဦးအား တစ်ဦးလျှင် ပျမ်းမျှတစ်နေ့လုပ်အားခ (၈၀၀၀) ကျပ်နှုန်းပေးချေ၍ လုပ်ငန်းလည်ပတ်လျက်ရှိကြောင်း၊ တစ်နေ့လျှင် ပီလောပီနံ အကြမ်းမှုန့် ပိဿာ (၉၀၀)၊ တစ်အိတ်လျှင် ပိဿာရှိသော အကြမ်းမှုန့် (၃၀) အိတ်နှင့် တိရစ္ဆာန်အစားအစာအဖြစ် အသုံးပြုနိုင်သော ပီလောပီနံ အလုံး(၃၀) တင်းတို့အား ပီလောပီနံ ထွက်ရှိ ချိန် (ဇန်နဝါရီလ မှ ဧပြီလထိ) သာ ထုတ်လုပ်လျက်ရှိပြီး ထုတ်လုပ်ထားသော ပီလောပီနံ အကြမ်းမှုန့် များအား တစ်ပိဿာလျှင် (၁၅၀၀) ကျပ်ဖြင့် မြို့ပေါ်ရှိ ပီလောပီနံ အချောမှုန့်ထုတ်လုပ်နေသော စက်ရုံသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)