ပုသိမ်ခရိုင် ငပုတောမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ရုံးတွင် စားအုန်းဆီကိုယ်စားလှယ်များအား ခေါ်ယူတွေ့ဆုံခြင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ငပုတောမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ရုံးတွင် စားအုန်းဆီကိုယ်စားလှယ်များအား (၁၃.၅.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)နာရီ အချိန်တွင် မြို့နယ်တာဝန်ခံ ဒေါ်မြင့်မြင့်စန်းမှခေါ်ယူတွေ့ဆုံ၍ စားအုန်းဆီထုတ်ယူမှု ကိစ္စနှင့်ပတ်သက်၍ လည်းကောင်း  ခွဲတမ်းရရှိသော စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချပေးနေခြင်း ရှိ/မရှိ တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

     ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားအုန်းဆီသယ်ယူမှုနှင့်ပတ်သက်၍ သိသင့်သိထိုက်သော အချက်အလက်များကို ဆီကိုယ်စားလှယ်များအား ဆွေးနွေးပြောကြားခဲ့ပြီး လက်လီ/လက္ကားရောင်းချ နေသော စိန်ဇော်ဂျီဆိုင်တွင် ခွဲတမ်းရရှိသောစားအုန်းဆီများအား သတ်မှတ်ရည်ညွှန်း ဈေးဖြင့်သာ ရောင်းချ ကြရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရန်၊ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချကြရန်၊ ထုတ်ပြန်ထား သည့်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချကြရန် ရှင်းလင်း ပြောကြားပြီး စားအုန်းဆီ လက်လီ/လက္ကားရောင်းချနေမှုအခြေအနေနှင့် လက်ရှိဖြစ်ပေါ်နေသော စားအုန်းဆီဈေးနှုန်းကြီးမြင့်နေမှုကို မိမိတို့အနေဖြင့် စားသုံးသူပြည်သူများအား သက်သာသော ဈေးနှုန်း ဖြင့်ရောင်းချပေးရန်၊ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထား ရှိခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရအရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စားအုန်းဆီဆိုင်ပိုင်ရှင်အား ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

DOCA (ဧရာဝတီ)