သထုံမြို့နယ်တွင် ဈေးကွက်အတွင်းရှိ စိုက်ပျိုးရေးသွင်းအားစုများ ရောင်းချနေမှုအပေါ် ကွင်းဆင်းစစ်ဆေး

Powered by Drupal

          ၁၄.၅.၂၀၂၅ ရက်နေ့တွင် သထုံမြို့နယ်၌ ဈေးကွက်အတွင်းရှိ စိုက်ပျိုးရေးသွင်းအားစုများ ရောင်းချနေမှုအပေါ် စိုက်ပျိုးရေးဦးစီးဌာန၊ စားသုံးသူ‌ရေးရာဦးစီးဌာန၊ သမဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနတို့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့သည်။

          အဆိုပါ စစ်ဆေးမှုတွင် ဈေးကွက်များရှိ ပိုးသတ်ဆေးနှင့်ဓာတ်မြေဩဇာဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ တရားမဝင်ပိုးသတ်ဆေးရောင်းချခြင်း ရှိ/မရှိ၊ အရောင်းဆိုင်မှတ်တမ်း ထားရှိမှု ရှိ/မရှိ၊ ရောင်းချမှုလိုင်စင်အား စနစ်တကျချိတ်ဆွဲထားခြင်း ရှိ/မရှိတို့အား စစ်ဆေး ခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ သထုံမြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းက စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များအား အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)