
၁၅.၅.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူ ပြု Thursday Talk ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ရုံး၊ မော်လမြိုင်ခရိုင်ရုံးမှ ဝန်ထမ်းများ တက်ရောက်ခဲ့ပြီး သထုံခရိုင်ရုံးမှ ဝန်ထမ်းများ Zoom ဖြင့်တက်ရောက်ခဲ့သည်။
ပထမဦးစွာ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးက Thursday Talk ကျင်းပ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးဌာနခွဲမှ တာဝန်ခံ ဦးစီးအရာရှိ ဒေါ်ဝါဝါမြိုင်က Presentation အကြောင်းသိကောင်းစရာများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (မွန်)