
၁၁-၅-၂၀၂၅ ရက်နေ့ နံနက် ၀၉၃၀ နာရီအချိန်တွင် ဓနုဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက online shop မှတ်ပုံ တင်ခြင်းနှင့် myro မှတ်ပုံတင်ရန် လုပ်ငန်းကိစ္စနှင့်စပ်လျဉ်း၍ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေး ဝန်ထမ်း (၁၂၀)ဦးအား အသိပညာပေး ဟောပြော ဆွေးနွေးခြင်း လုပ်ငန်းကိုဆောင်ရွက်ခဲ့သည်။
ဟောပြောဆွေးနွေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးက စားသုံးသူရေး ရာဦးစီး ဌာန၏ လုပ်ငန်းစဉ်များအကြောင်းကို ရှင်းလင်းဆွေးနွေးခြင်း စားသုံးသူပြည်သူ များက အွန်လိုင်းမှတဆင့် ကုန်စည်နှင့် ဝန်ဆောင် မှုများကို ဝယ်ယူအသုံးပြုရာတွင် စားသုံးသူ ထိခိုက်နစ်နာမှုမရှိစေရေး အွန်လိုင်းလုပ်ငန်းများကို ထိန်ကြောင်း သည့်အနေဖြင့် အွန်လိုင်းအသုံးပြု၍ ကုန်စည်များကို ရောင်းချသည့် မည်သည့်လုပ်ငန်းရှင်မဆို မှတ်ပုံတင်ဆောင် ရွက်ပြီးမှ ရောင်းချနိုင်ရန် အတွက် အရေးကြီးဝန်ဆောင်မှု လုပ်ငန်းအဖြစ်သတ်မှတ်မိန့် (၅၀/၂၀၂၃) အကြောင်းကို ရှင်းလင်းခြင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာအမိန် (၅၁/၂၀၂၃) ကိုရှင်းလင်းခြင်း၊ မှတ်ပုံတင်ပြီးလုပ်ငန်းများမှ ကုန်စည်များကို ဝယ်ယူခြင်းဖြင့် စားသုံးသူနစ်နာမှု ထိခိုက်မှုလျော့နည်းမည့်အကြောင်းများကို ရှင်းလင်းဆွေးနွေးခြင်း၊ ဆက်လက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ဆန်စပါးသိုလှောင်ခြင်းလုပ်ငန်း အပေါ်ကြီးကြပ်နိုင်ရန် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းဆိုင်ရာအမိန့် ၈၂/၂၀၂၄ ဆန်တန်ချိန် (၂၅) (၅၀၀ အိတ်) နှင့်စပါးတင်း (၂၅၀၀) အထက်သိုလှောင်မှုပမာဏကို မှတ်ပုံတင်မည့်အစီအစဉ်လုပ်ငန်း ပိုင်ဆိုင်သူများ မှတ်ပုံတင်ရမည့် အကြောင်းကို ရှင်းလင်းခြင်း၊ မှတ်ပုံတင်ရန်ကျန်ရှိသော သိုလှောင်ရုံများ မှတ်ပုံတင်ခြင်းလုပ်ငန်းအဆင့်ဆင့်ကိုရှင်းလင်းခြင်း၊ မှတ်ပုံတင်ပြီး သိုလှောင်ရုံများ ရထုတ်ကျန်စာရင်းများ ဖြည့်သွင်းနိုင်ရန်အကြောင်းများကို ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများအား ဟောပြောခဲ့ပြီး တက်ရောက်လာသူများ နှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)