
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဟင်္သာတကုန်စည်ဒိုင်တွင် ၂၀၂၄-၂၀၂၅ခုနှစ်ထွက် ဆောင်းသီးနှံ ပဲမျိုးစုံများလည်း ဈေးကွက်သို့ ဝင်ရောက်နေပြီဖြစ်သဖြင့် မတ်ပဲ ၊ ပဲတီစိမ်းဆီပြောင် ၊ ပဲတီစိမ်းအနီ ၊ ပဲယင်းနီ ၊ ပဲပုတ်ဆီတိုး ၊ ပဲလွန်းဖြူ ၊ ပဲလွန်းနီအစရှိသော ပဲများကိုအရောင်းအဝယ် ပြုလုပ်နေကြကြောင်းသိရှိရပါသည်။ယခုတစ်ပတ်မတ်ပဲဈေးမှာ ပိဿာ(၂၀)တစ်တင်းကို (၉၈၅၀ဝိ/) ပဲယင်းနီဈေးမှာ ပိဿာ(၂၀)တစ်တင်းကို (၉၀၅၀၀ )ကျပ် ၊ ပဲတီစိမ်း ဆီပြောင်ဈေးမှာ ပိဿာ(၂၀) တစ်တင်းကို (၁၂၀၀၀၀)ကျပ် ၊ ပဲတီစိမ်းအနီဈေးမှာ ပိဿာ(၂၀)တစ်တင်းကို (၁၃၀၀၀၀)ကျပ် ၊ ပဲပုတ်ဆီတိုးဈေးမှာ ပိဿာ(၂၀)တစ်တင်းကို (၁၂၂၀၀၀)ကျပ် ၊ ပဲလွန်းဖြူဈေးမှာ ပိဿာ( ၂၀ ) တစ်တင်းကို (၇၅၀၀၀)ကျပ် ၊ ပဲလွန်းနီဈေးမှာ ပိဿာ(၂၀)တစ်တင်းကို (၇၇၅၀၀)ကျပ်၊အစေ့ထုတ် ပြောင်းပိဿာ(၂၀)တစ်တင်းကို(၃၂၃၀၀)ကျပ်ဈေးဖြင့်ရောင်းချနေကြောင်းသိရှိရပါသည်။ ယခင်အပတ်နှင့် ကာလတူနှိုင်းယှဉ်ပါက မတ်ပဲ ၊ ပဲတီစိမ်းဆီပြောင် ၊ အစေ့ထုတ်ပြောင်း ပဲပုတ်ဆီတိုး ၊ ပဲယင်းနီ ၊ ပဲတီစိမ်းအနီသီးနှံများ၏ ပိဿာ(၂၀)တစ်တင်းကို( ၅၀ဝိ/-မှ၂၀၀ဝိ )ကျပ်ထိ ဈေးအနည်းငယ်မြင့်လာကြောင်း သိရှိရပါသည်။ပဲလွန်းဖြူ ၊ ပဲလွန်းနီ သီးနှံဈေးမှာ ဈေးငြိမ်လျက်ရှိ ကြောင်းသိရှိရပါသည်။မတ်ပဲ သီးနှံမှာတစ်ရက်လျင် ၃၅၀၀အိတ်မှ၄၀၀၀အိတ်ကြားအရောင်းအဝယ် ဖြစ်ပြီး ကျန်ပဲများမှာ ၁၀၀၀အိတ် မှ ၁၅၀၀ကြား အရောင်းအဝယ် ဖြစ်ကြောင်း သိရှိရပါသည်။ အစေ့ထုတ်ပြောင်း သီးနှံမှာ တစ်ရက်လျင် ၂၀၀၀အိတ် မှ ၃၀၀၀အိတ်ကြား အရောင်းအဝယ်ဖြစ် ကြောင်းသိရှိရပါသည်။ရန်ကုန်သို့တင်ပို့နေသော မတ်ပဲအိတ်ရေမှာ တစ်ပတ်အတွင်း ပျမ်းမျှအိတ်ရေ ( ၂၈၀၀၀ )ခန့် တင်ပို့နိုင်ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)