ကြက်သွန်နီ ဈေးနှုန်းဈေးကွက်

Powered by Drupal

         မြင်းခြံခရိုင်၏  ၂၀၂၄-၂၀၂၅ ခုနှစ် ကြက်သွန်နီစားဖိုဆောင်သီးနှံကို ခရိုင်ချုပ်အနေဖြင့် စိုက်ဧက(၂၀၁၉၈)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး စိုက်ဧကအားလုံးရိတ်သိမ်းနိုင်ခဲ့၍ တစ်ဧကလျှင် ပျမ်းမျှအထွက်နှုန်း(၉၆၆၇.၆၂)ပိဿာဖြင့် အထွက်ပေါင်း(၆၈၇၈၃၂၃၈)ပိဿာ ထွက်ရှိ ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရသည်။ မြင်းခြံခရိုင်တွင် ကြက်သွန်နီ စိုက်ပျိုးမှုအနေဖြင့် မြင်းခြံမြို့နယ်တွင် စိုက်ပျိုးဧက(၈၆၀၀)၊ ရိတ်သိမ်းဧက(၈၆၀၀)ဧက၊ အထွက်နှုန်း(၃၆၄၉.၆၀)ပိဿာ၊ အထွက်ပေါင်း (၃၁၃၈၆၅၆၀)ပိဿာ၊ တောင်သာမြို့နယ် စိုက်ပျိုးဧက(၉၂၀၄)ဧကအားလုံးရိတ်သိမ်းပြီး အထွက်နှုန်း(၃၃၇၅.၈၅)ပိဿာ၊ အထွက် ပေါင်း(၃၁၀၇၁၃၂၃)ပိဿာ၊ နွားထိုးကြီးမြို့နယ်စိုက်ပျိုးဧက(၂၃၉၄)၊ ရိတ်သိမ်းဧက (၂၃၉၄)၊ အထွက်နှုန်း(၂၆၄၂.၁၇)ပိဿာနှင့် အထွက်ပေါင်း(၆၃၂၅၃၅၅)ပိဿာ ထွက်ရှိကြောင်း သိရှိ ရပါသည်။ ဈေးနှုန်းအနေဖြင့် မေလဒုတိယပတ်တွင် ကြက်သွန်နီ ဈေးနှုန်းမှာ တစ်ပိဿာ လျှင်(၁၃၀၀/၁၄၀၀) ကျပ် ဈေးများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းနှင့်နေ့စဉ် ကုန်ဝင် ရောက်မှု ပိဿာချိန်(၈၅၈၀၀) ခန့် ဝင်ရောက်ကြောင်း သိရှိရသည်။

DOCA(မန္တလေး)