မအူပင်မြို့နယ် ဘိလပ်မြေအရောင်းဆိုင်လုပ်ငန်းရှင် တွေ့ဆုံဆွေးနွေး

Powered by Drupal

     (၁၂.၅.၂၀၂၅)နေ့ နေ့လည်(၁၅၃၀)နာရီအချိန် တွင် စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး အစည်းအဝေး ခန်းမတွင် စစစ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဆောက်လုပ် ရေးသုံးပစ္စည်း ရောင်းချသော လုပ်ငန်းရှင်များအား ခေါ်ယူပြီး ကုန်ဈေးနှုန်းတည်ငြိမ်စေရေး လုပ်ငန်းရှင် တွေ့ဆုံဆွေး နွေးပွဲပြုလုပ်ကျင်းပခဲ့ကြသည်။

     တွေ့ဆုံဆွေးနွေးရာတွင် မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းက မြို့နယ်အတွင်းရောင်းချနေသော ဘိလပ်မြေအပါအဝင် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ ဈေးနှုန်းကြီးမြင့်လာမှုကို ထိန်းချုပ်ဆောင်ရွက်နိုင်ရန် မြေပြင်ရောင်းချနေသော လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အခြေအနေအမှန်ကို လေ့လာစိစစ်ရန်လို အပ်သဖြင့် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်းနှင့် ဘိလပ်မြေဈေးနှုန်းကျဆင်းရေး၊ ဘိလပ်မြေဝင်ရောက်မှု စီမံဆောင် ရွက်နိုင်ရန်နှင့် စျေးနှုန်းကြီး မြင့်စွာရောင်းချမှုမရှိစေရေးနှင့် လုပ်ငန်းရှင်များကလည်း သက်ဆိုင်ရာဌာနတို့၏ သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ရန်၊ လုပ်ငန်းရှင်များမှ စျေးနှုန်း ကြီးမြင့်စွာရောင်းချပါက ဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ၊ စစစနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများကလည်း ကုန်ဈေးနှုန်းကြီးမြင့်မှု မရှိစေရေးကို ရောင်းချသူဆိုင်စာရင်းများနှင့် ဈေးကွက် အတွင်း စီစစ်ကြပ် မတ်နိုင်ရေးကို အပတ်စဉ်၊ လစဉ် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အထက်ဌာန၏ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်နိုင်ရန် ထည့်သွင်းဆွေးနွေးခဲ့ကြပြီး  ဆွေးနွေးပွဲသို့ လုပ်ငန်း (၁၃)ဦးတက်ရောက်ခဲ့ပြီး သိရှိလိုသည်များ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

DOCA(ဧရာဝတီ)