ကျွန်းလှမြို့၌ ရောင်းချနေသော ပန်းသစ်တော်သီးနှင့် ပန်းသီးဈေးနှုန်း

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးရှိ သစ်သီးဆိုင်များတွင် သီးနှံမျိုးစုံ အများအပြားရောင်းချလျက်ရှိသည့်အနက်မှ ပန်းသီးနှင့် ပန်းသစ်တော်သီးများကို မန္တလေး မြို့ရှိ သစ်သီးပွဲရုံများမှ မှာယူရောင်းချလျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရသည်။

     ၂၀၂၅ ခုနှစ် ၊ မေလ ဒုတိယပတ်အတွင်း ကျွန်းလှမြို့ရှိ သစ်သီးဆိုင်များတွင် ရောင်းချလျက်ရှိသော ပန်းသစ်တော်သီး ဈေးနှုန်းများမှာ ပန်းသစ်တော်သီး(၄)လုံးလျှင် ၁၀၀၀၀ကျပ်၊ ပန်းသစ် တော်သီး(၁)လုံးလျှင် ၂၆၀၀ကျပ်၊ အလုံးသေးလျှင် ၂၅၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိပါကြောင်း၊ ပန်းသစ်တော်သီးသည် အရည်ရွှမ်းသော အသီးဖြစ်သည့်အတွက် နွေရာသီနှင့် လိုက်ဖက်ပြီး လူကြိုက်များကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပြီး အလားတူပင် ပန်းသီးအမျိုးအစားများမှာ အလုံးကြီးနှင့် အလုံးသေးနှစ်မျိုးရှိပြီး မေလ ဒုတိယပတ်အတွင်း ကျွန်းလှမြို့ရှိ သစ်သီးဆိုင်များတွင် ပန်းသီးအလုံးကြီး(၁)လုံးလျှင် ၃၀၀၀ကျပ်၊ ပန်းသီး အလုံးသေး(၄)လုံးလျှင် ၁၀၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ လူကြီးလူငယ် မရွေးကြိုက်နှစ် သက်သည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)