ထောပတ်ပဲ ဈေးနှုန်းဈေးကွက်

Powered by Drupal

            မြင်းခြံခရိုင်၏  ၂၀၂၄-၂၀၂၅ ခုနှစ် ထောပတ်ပဲသီးနှံကို ခရိုင်ချုပ်အနေဖြင့် စိုက်ဧက (၂၉၄၃)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး စိုက်ဧကအားလုံးရိတ်သိမ်းနိုင်ခဲ့၍ တစ်ဧကလျှင်ပျမ်းမျှ အထွက် နှုန်း(၉.၁၄)တင်းဖြင့် အထွက်တင်း ပေါင်း(၂၆၈၉၅)တင်း ထွက်ရှိကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရသည်။ မြို့နယ်အလိုက်စိုက်ပျိုးမှု၊ ရိတ်သိမ်းမှုနှင့် အထွက်နှုန်းများ အနေဖြင့် မြင်းခြံမြို့နယ်တွင်စိုက်ဧက(၈၉၆)၊ ရိတ်သိမ်းဧက(၈၉၆)နှင့် တစ်ဧကပျမ်းမျှ အထွက်နှုန်းမှာ (၈.၂၇)တင်းဖြင့် အထွက်တင်းပေါင်း(၇၄၀၈)တင်း၊ နွားထိုးကြီးမြို့နယ်တွင် စိုက်ဧက(၂၀၄၇)၊ ရိတ်သိမ်းဧက(၉၂)ဖြစ်ပြီး တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ(၉.၅၂)နှင့်အထွက် တင်းပေါင်း (၁၉၄၈၇)တင်း၊ တောင်သာမြို့နယ်တွင် စိုက်ပျိုးမှု မရှိကြောင်း သိရှိရပါသည်။ ဈေးနှုန်းအနေဖြင့် မေလဒုတိယပတ်တွင် ထောပတ်ပဲဈေးနှုန်းမှာ တစ်ပိဿာလျှင် (၃၅၀၀-၃၇၀၀) ကျပ်များ ရှိကြောင်းသိရှိရသည်။

DOCA(မန္တလေး)