
ဒေသတွင်းထွက်ရှိသော ဆန်/စပါးများ ရောင်းဝယ်မှု လုပ်ငန်းတစ်နစ်တကျဖော်ဆောင်နိုင်ရေး၊ ဆန်စက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆန်စက်အသင်းလုပ်ငန်းရှင်သန်ဖွံ့ဖြိုးနိုင်စေရေးအတွက် ဒေသတွင်းစားနပ်ရိက္ခါ ဖူလုံစေရေးကို ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၅-၅-၂၀၂၅ ရက်နေ့ နေ့လည် ၁၃၀၀ နာရီ အချိန်တွင် ဓနုဖြူမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းရုံးခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုး ဦးစီးအရာရှိက ဒေသတွင်း စပါးစိုက်ပျိုး မှု အထွက်နှုန်းကောင်းပြီး ဈေးကွက်ရရှိ၍ ဒေသတွင်းစားသုံးမှု အပြင် အခြားတိုင်း/ဒေသများသို့ တင်ပို့လျှက်ရှိပြီး မြို့နယ်အတွင်း ဆန်စက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ကြောင်းကိုလည်းကောင်း၊ အသင်းအဖွဲ့ ၊ အစုဖွဲရှင်သန်မှ လုပ်ငန်းဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်ကြောင်း၊ ဓနုဖြူမြို့နယ်တွင် ဆန်စက်လုပ်ငန်းနှင့် သိုလှောင်ရုံ ကြီးကြီးမားမား ရှိသင့်သလောက် ရှိပြီး ဆန်/စပါးသိုလှောင်မှုစနစ်ကောင်းမွန်မှ ဒေသတွင်းအခြား တိုင်းဒေသ ကြီး/ပြည်နယ်များသို့ ပြန်လည်စီး ထွက်မှုတွင် ဒေသထွက်ဆန်များ ကောင်းမွန်နိုင် ရေးဦးစားပေး ဆောင်ရွက်နိုင်မည်ဖြစ်သည်။
ဆန်စက်လုပ်ငန်းရှင်များအသင်းအနေဖြင့် ဘက်ပေါင်းစုံမှစဉ်းစား၍ ဆန်/စပါး ကဏ္ဍဖွံဖြိုးတိုးတက်စေရန်ကို ဆောင်ရွက်စေလိုကြောင်း ထို့အပြင် ဆန်ရောင်းဝယ်မှုများနှင့် ပတ်သက်၍ ရောင်းချသောဆန်များတွင် အလေးချိန်၊ တင်တောင်း မှန်ကန်စေရေးနှင့် သတ်မှတ်ဈေးနှုန်းဖော်ပြ၍ ရောင်းချရန်ကိုလည်းကောင်း၊ ဆန်အိတ်များတွင် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ အလေးချိန် အချင်အတွယ်ကို မြန်မာလိုဖော်ပြရာ၌ ပြည်၊ ပေါင်၊ ကီလိုများကို မြန်မာလိုဖော်ပြရ မည်ဖြစ်ပါကြောင်း၊ ၆ ပြည်အိတ်၊ ၁၂ ပြည်အိတ်၊ ၂၄ ပြည်အိတ်များ ရောင်းချရာတွင် စားသုံးသူများ နစ်နာမှုမရှိစေရန်အတွက် ဈေးနှုန်းနှင့် အလေးချိန်များကို စားသုံးသူသို့ သတင်းအချက်အလက်မှန် ကန်စွာဖော်ပြရ မည်ဖြစ်ပါကြောင်း၊ ဓနုဖြူမြို့နယ် ဆန်စက်အသင်းအနေဖြင့် အလေးထား ကြပ် မတ်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားပါသည်။
DOCA(ဧရာဝတီ)