သထုံမြို့နယ်တွင် စားသောက်ကုန်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းဆောင်ရွက်

Powered by Drupal

           မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးတို့နှင့်ပူးပေါင်း၍ ၂၉.၆.၂၀၂၂ ရက်နေ့ မွန်းလွဲပိုင်းတွင် သုဓမ္မဝတီမြို့သစ်ရှိ စားသောက်ကုန်လုပ်ငန်း (၉) ခုမှ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အသိပညာပေး ဆွေးနွေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ကျော်မင်းက လုပ်ငန်းရှင်များထုတ်လုပ်သော စားသောက်ကုန်များတွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြစေရေး၊ စားသောက်ကုန်များ သန့်ရှင်းသပ်ရပ် စေရေး၊ လုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များအား သိရှိလိုက်နာရေးအတွက် အသိပညာပေး ဆွေးနွေးခဲ့ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်မြတ်အေးမှ အသေးစား လုပ်ငန်းများမှတ်ပုံတင်နိုင်ရေး အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ဌာနမှ ထုတ်ပေးသော စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များအား စားသောက်ကုးန်လုပ်ငန်းရှင်နှင့် ဝန်ထမ်းများသို့ ဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)