
စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုး ရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ကြောင်း ၊ စိုက်ပျိုးတောင်သူများသည် ပဲလွန်းဖြူသီးနှံကိုလည်း စိုက်ပျိုးကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ မေလ ဒုတိယပတ်အတွင်း ဈေးနှုန်းများမှာ ပဲလွန်းဖြူတစ်တင်းလျှင် (၇၈၀၀၀) ကျပ်၊ အကွဲအနာပါတစ်တင်းလျှင်(၇၇၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကျွန်းလှမြို့နယ်မှထွက်ရှိသော ပဲလွန်းဖြူသီးနှံများကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။
DOCA (စစ်ကိုင်း)