
စားသုံးသူရေးရာဦီးဌာန၊ဟင်္သာတခရိုင် ၊ဟင်္သာတမြို့နယ်ဦးစီးမှူး ဦးမိုးကျော်သည်(၁၀.၅.၂၀၂၅) ရက်နေ့ နေ့လည် (၁၅:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အထူး စုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့မှ မြို့နယ်စစ်ဆေးရေးမှူးများ၊ စည်ပင်သာယာရေးအဖွဲ့၊ နယ်မြေခံအုပ် ချုပ်ရေးမှူးတို့နှင့်ပူးပေါင်း၍ ဟင်္သာတမြို့နယ်အတွင်းရှိ ဘိလပ်မြေအရောင်းဆိုင်များအား ကွင်းဆင်း စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးခဲ့ရာတွင် ပူးပေါင်းအဖွဲ့သည် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ဘိလပ် မြေအိတ်များ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိမရှိတို့ကို စစ်ဆေးခဲ့ပြီး၊ စားသုံးသူ ရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံ ဦးမိုးကျော်က ဘိလပ်မြေအရောင်း ဆိုင်လုပ်ငန်း ရှင်များအား လက်ကျန်ပစ္စည်းများ ကျန်ရှိနေသေးပါက ပြည်သူများအား ခွဲတမ်းချရောင်းချပေးပါရန်၊ ဈေးနှုန်းအဆမတန်မြှင့်တင်၍ ရောင်းချခြင်းမပြုလုပ်ရန်နှင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင် ထားခြင်း မရှိစေရေး၊ အထက်ဌာနမှညွှန်ကြားထားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် ရှင်းလင်း ဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များကလည်း သိလိုသည်များကိုမေးမြန်း၍ အပြန်အလှန်ဆွေးနွေးပြော ကြား ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)