ငါးခြောက်ဈေးနှုန်းဈေးကွက်

Powered by Drupal

     အညာဒေသတွင် ထမင်းပူပူ ငါးခြောက်အချိုခြောက်ကို ပဲဆီဆမ်း၍ ရေနွေးကြမ်းဖြင့် စားသောက်ရသည်မှာ လွန်စွာမှ အရသာရှိလှပါသည်။ နေ့လည်စာအတွက်လည်း ရာသီပေါ် ဗမာခရမ်းချဉ်သီးနှင့် ငါးခြောက်ရော၍ ချက်ပြုတ်စားသောက်လျှင်လည်း လွန်စွာထမင်းမြိန်လှပြီး တောဓလေ့ရာသီစာ ဟင်းတစ်မျိုးလိုပင် ဖြစ်ပါသည်။ မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများ၌ အလှူ အတန်း၊ သာရေး၊ နာရေးနှင့် ပွဲလမ်းသဘင်များရှိလျှင် လာရောက်ဝယ်ယူကြလေ့ရှိပြီး၊ ယခုလိုရာသီတွင်လည်း  ငါးခြောက် ရောင်းချမှုများကောင်းကြောင်း မြင်းခြံမြို့ မြို့မစည်ပင်သာယာ ဈေးရှိ ရေချိုရေငန်ငါးပိ ငါးခြောက်ရောင်းချသူများထံမှ သိရှိရသည်။

    မြင်းခြံမြို့တွင် ရောင်းချလျက်ရှိသော ရေချိုရေငန်ငါးပိငါးခြောက်များကို ရန်ကုန်မြို့မှ မှာယူရောင်းချကြောင်းနှင့်  ယခုနှစ် မေလဒုတိယပတ်တွင် ဒေသခံများ  အများဆုံးဝယ်ယူစားသုံး ကြသည့် ငါးခြောက်ဈေးများအနေဖြင့် ငါးရံ့ခြောက် အလတ်စားတစ်ပိဿာ  (၆၀၀၀၀)ကျပ်၊ ငါးရောင်အသားမြောင်း အလတ်စားတစ်ပိဿာလျှင် (၄၅၀၀၀ )ကျပ်၊   ငါးထောပတ်တစ်ပိဿာလျှင် (၂၀၀၀၀/၂၄၀၀၀)ကျပ်၊  ငါးနီတူးတစ်ပိဿာလျှင်  (၂၀၀၀၀/၂၂၀၀၀ ) ကျပ်၊ ငါးပုတ်သင် တစ်ပိဿာလျှင် (၂၀၀၀၀/၂၄၀၀၀) ကျပ်၊ငါးပိတစ်ပိဿာလျှင်(၁၀၀၀၀/၁၅၀၀၀)ကျပ်၊ ငါးဖောင်ရိုး တစ်ပိဿာလျှင် ( ၂၈၀၀၀/၃၀၀၀၀ )ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(မန္တလေး)