ကရင်ပြည်နယ် စားသုံးသူရေးရာကော်မတီအစည်းအဝေး ကျင်းပ

Powered by Drupal

          ကရင်ပြည်နယ် စားသုံးသူရေးရာကော်မတီ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၂) ကို ၂၈-၆-၂၀၂၂ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အစည်းအဝေးတွင် ပြည်နယ်စားသုံး သူရေးရာကော်မတီ ဒု-ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

          အဆိုပါ အစည်းအဝေးတွင် ပြည်နယ်စားသုံးသူရေးရာကော်မတီ ဒု-ဥက္ကဌ  Dr.အောင်မြင့်ဟန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက ဌာနမှ တာဝန်ယူဆောင်ရွက်ရသော လုပ်ငန်းစဉ်များ၊ ဌာန၏ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များနှင့် ကော်မတီမှ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို  ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

          ဆက်လက်၍ တက်ရောက်လာသော ကော်မတီအဖွဲ့ဝင်များကလည်း ကရင်ပြည်နယ်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို ပူးပေါင်းပါဝင်ဆောင်ရွက်မည် ဖြစ်ပြီး ကရင်ပြည်နယ်အတွင်း ရှေ့ဆက်ဆောင်ရွက်မည့် စားသုံးသူကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး ပြည်နယ်စားသုံးသူရေးရာကော်မတီကို လစဉ်(၁)လ တစ်ကြိမ် ကျင်းပရန် ဆုံးဖြတ်ခဲ့ကြောင်းသိရှိရပြီး ပြည်နယ်စားသုံးသူရေးရာကော်မတီအစည်းအဝေးကို နံနက်(၁၁:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

DOCA(ကရင်)