
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ဌာန၏လုပ်ငန်းတာဝန်များအပြင် လိုအပ်ပါက သက်ဆိုင်ရာမိတ်ဘက်ဌာနများနှင့် ပူးပေါင်း၍ စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ (၁၁.၅.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ရွှေဘိုမြို့နယ်တာဝန်ခံတို့သည် အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ရွှေဘိုမြို့ပေါ်ရှိ ငွေကြယ်နှင့် ရွှေနဒီအိမ်ဆောက်ပစ္စည်းအရောင်းဆိုင် များအား စစ်ဆေးခဲ့ကြပြီး အိမ်ဆောက်ပစ္စည်းများဝယ်လိုအားမြင့်တက်နေချိန်တွင် ဈေးကွက်အတွင်း၌ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များအနေဖြင့် ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချရာတွင် ပြည်သူများ၏ လိုအပ်ချက်များဖြည့်ဆည်းပေးနိုင်ရေးအတွက် အကျိုးအမြတ်ရရှိရေးထက် ဈေးနှုန်းတည်ငြိမ်ရေးကို အလေးထားဆောင်ရွက်ရန်၊ ကုန်ပစ္စည်းလက်ကျန်များရှိပါက ရောင်းချကြရန် ဆွေးနွေးခဲ့ကြပြီး ကုန်ပစ္စည်းပြတ်လတ်မှုရှိ၊ မရှိနှင့်ဈေးနှုန်းအခြေအနေများ စစ်ဆေးခဲ့ကြကြောင်းသတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)