ကြက်ဥစားသုံးခြင်းဖြင့်ပရိုတင်းဓာတ်ကြွယ်ဝကြောင်း

Powered by Drupal

ကြက်ဥသည် အရည်အသွေးမြင့်မားသော ပရိုတိန်းဓာတ်ကိုပေးစွမ်းနိုင်ပြီး ခန္ဓာကိုယ် အတွက်အရေးကြီးသော အမိုင်နိုအက်ဆစ်များစွာပါဝင်၍ ကြွက်သားများတည်ဆောက်ရန်နှင့်ဆဲလ် များပြန်လည်ပြုပြင်ရန် ခန္ဓာကိုယ်လုပ်ဆောင်မှုအတွက် အထောက်အကူပြုသည်။ ဗီတာမင်နှင့် သတ္တုဓာတ်ကြွယ်ဝစေခြင်း၊ (Choline) ကိုလင်းဓာတ်ပါဝင်သောကြောင့် ဦးနှောက်နှင့်အာရုံကြော စနစ်အတွက် အထူးကောင်းခြင်း၊ နှလုံးကျန်းမာရေးကို အထောက်အကူပြုခြင်း၊ ပရိုတင်းဓာတ် ကြွယ်ဝပြီး ဗိုက်ပြည့်စေသောအစားအစာဖြစ်၍ ကိုယ်အလေးချိန်ထိန်းသိမ်းရာတွင် အထောက်အကူ ဖြစ်စေသည်။ မြင်းခြံမြို့နယ်အတွင်း ရောင်းဝယ်နေသော ကြက်ဥဈေးနှုန်းဈေးကွက်အနေဖြင့်ယခု လက်လီတစ်လုံးလျှင် (၄၅၀)ကျပ်မှ(၄၉၀)ကျပ်ဖြစ်ပြီး၊ လက်ကားဈေးတစ်ပိဿာလျှင် (၁၁၅၀၀) ကျပ်မှ(၁၂၀၀၀)ကျပ်ဖြင့် ဈေးကွက်တွင်အရောင်းအဝယ်သွက်လျှက်ရှိပြီး ယခင်လကြက်ဥလက်လီ တစ်လုံးလျှင်(၄၀၀)ကျပ်မှ  (၄၅၀)ကျပ်၊ လက်ကားဈေးတစ်ပိဿာလျှင်(၁၀၅၀၀)ကျပ်မှ(၁၁၀၀၀)  ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး  ကာလတူနှိုင်းယှဉ်ပါက ယခုလတွင်ကြက်ဥတစ်လုံးလျှင် ပျှမ်းမျှ(၅၀)ကျပ်ခန့်နှင့်တစ်ပိဿာလျှင်(၁၀၀၀)ကျပ်ခန့် ဈေးနှုန်းမြင့်တက်ခဲ့သည်။ ကြက်ဥဝယ်လို အားများပြီး ရောင်းလိုအားနည်းခြင်း၊  ရာသီဥတုပူ၍ ကြက်များဥနှုန်းကျဆင်းခြင်းကြောင့်  ဈေးနှုန်း အနည်းငယ်မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ကြက်ဥဝင်ရောက်မှုအနေဖြင့် ပြင်ဦးလွင်မြို့၊ မန္တလေးမြို့ နှင့်ပခုက္ကူမြို့တို့မှမှာယူပြီး ဒေသတွင်းဖြန့်ဖြူး ရောင်းချကြောင်းသိရသည်။ ပရိုတင်းဓာတ်ကြွယ်ဝ သောကြက်ဥသည် လူတစ်ဦးအနေဖြင့်တစ်နေ့လျှင်တစ်လုံးမှနှစ်လုံးအထိ စားသုံးသင့်ကြောင်း ၊ မှန်ကန်စွာစားသုံးပါက ကျန်းမာရေးအတွက်အထောက်အကူဖြစ်စေပြီး၊ အာဟာရဓာတ်များပြည့်ဝ စေသည်။

DOCA(မန္တလေး)