“ဆောင်းမြေပဲရိတ်သိမ်းမှုနှင့်စျေးနှုန်းစျေးကွက်ခြေအနေ”

Powered by Drupal

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် သီးနှံမျိုးစုံစိုက်ပျိုးလျှက်ရှိရာ စားဖိုဆောင် သီးနှံများဖြစ်သော ငရုတ် ၊ ကြက်သွန် ၊ နနွင်းများ စိုက်ပျိုးသည့်အပြင် ပဲမျိုးစုံသီးနှံကိုလည်း စိုက်ပျိုး လျှက်ရှိပါသည် ။ ပဲမျိုးစုံသီးနှံများအနက် ဆီထွက်သီးနှံ တစ်မျိုးဖြစ်သည့် မြေပဲသီးနှံကိုလည်း တောင်သူများတိုးချဲ့စိုက်ပျိုးလာကြပါသည်။ ဆောင်းမြေပဲ စိုက်ဧကအနေဖြင့် ကျောက်ဆည်မြို့နယ် တွင် (၂၂၉)ဧက စိုက်ပျိုးထားရှိပြီး ဧကအားလုံး ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ၊ ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏စာရင်းများအရသိရှိရသည် ။ ဆောင်းမြေပဲ စိုက်ပျိုးမှုကုန်ကျ စရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခအပါအဝင်စုစုပေါင်း (၅၃၀၀၀၀/-) ကျပ်ခန့်ကုန်ကျခဲ့ကြောင်း၊ အထွက်နှုန်း အနေဖြင့်(၄၂)တင်းခန့်ထွက်ရှိကြောင်း ၊ ယခင်နှစ် မြေပဲတောင့် တစ်တင်းလျှင်(၂၂၅၀၀/-)ကျပ်ရှိခဲ့ပြီး ယခုနှစ်တွင် မြေပဲစျေးနှုန်းအနေဖြင့် မြေပဲတောင့်တစ်တင်းလျှင် (၃၆၀၀၀/-)ကျပ် ၊ မြေပဲဆံ ပိဿာလျှင်(၉၀၀၀/-)ကျပ် ၊ မြေပဲဆီတစ်ပိဿာလျှင်(၁၉၀၀၀/-)ကျပ် ဖြင့်ရောင်းဝယ်လျှက်ရှိပြီး မြေပဲရောင်းဝယ်မှုအနေဖြင့် ပွဲရုံများသို့ တိုက်ရိုက်ရောင်းချကြောင်း ၊ ဒေသတွင်းဆီစက်များမှဝယ်ယူ သိုလှောင်မှုရှိပြီး ပွဲရုံများမှတဆင့် ရန်ကုန် ၊ မန္တလေးမြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ၊ အကျိုးအမြတ်အနေဖြင့် စိုက်ပျိုးစရိတ်နှုတ်ပြီးပါက(၉၀၀၀၀၀/-)ကျပ် ဝန်းကျင်အကျိုးအမြတ်ရရှိ ကြောင်း၊စျေးနှုန်းများကောင်းမွန်သောကြောင့် တောင်သူများအကျိုးအမြတ်ဖြစ်ထွန်းလျက်ရှိကြောင်း ၊ မိသားစုအတွက် စားသုံးဆီဖူလုံစေသိအပြင်  အကျိုးအမြတ်များသော  မြေပဲသီးနှံများကိုတိုးချဲ့ စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)