ကုလားပဲ(ဆောင်း)များရိတ်သိမ်းပြီးစီး

Powered by Drupal

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်သည် စိုက်ပျိုးရေးကိုအခြေခံပြီး စပါး၊ပဲမျိုးစုံ၊ငရုတ် ကြက်သွန်၊နှမ်းစသည့်သီးနှံမျိုးစုံစိုက်ပျိုး ဖြစ်ထွန်းလျှက်ရှိရာ ၄င်းသီးနှံများအနက် ကုလားပဲ(ဆောင်း) သီးနှံကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင်  ကျောက်ဆည်မြို့နယ်တွင်(၃၀၀၉၈)ဧက စိုက်ပျိုးနိုင်ခဲ့ပြီးဧက အားလုံးရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ၊ ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည် ။ ကုလားပဲကိုမျိုးအနေဖြင့် V2မျိုး နှင့် ရိုးရိုးကုလားပဲလုံးသေးမျိုးဟူ၍ (၂)မျိုး ရှိပြီး V2 ကုလားပဲမျိုးကိုသာ အများဆုံးစိုက်ပျိုးကြကြောင်း ၊ စိုက်ပျိုးမှုအနေဖြင့် (၁)ဧကလျှင် မျိုးစေ့ တစ်တင်း၊တစ်တင်းခွဲနှုန်းခန့် ပတ်ကြဲရကြောင်း၊ တောင်သူများအနေဖြင့် ကုလားပဲမျိုးကို မိမိအိမ်တွင် သေချာစွာသိမ်းဆည်းထားပြီး မျိုးအဖြစ် အသုံးပြုသလို အချို့တောင်သူများသည် စိုက်ပျိုးချိန်တွင် ပွဲရုံများမှဝယ်ယူ၍ စိုက်ပျိုးကြကြောင်း ၊ (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခ အပါအဝင်စုစုပေါင်း(၃၀၀၀၀၀)ကျပ်ဝန်းကျင်ခန့်  ကုန်ကျကြောင်း၊ ယခုအချိန်တွင် ဆောင်းကုလားပဲ

များလှိုင်လှိုင်ထွက်ပေါ်နေပြီဖြစ်ကြောင်း ၊ (၁)ဧက အထွက်နှုန်းအနေဖြင့် (၁၁-၁၂)တင်းခန့်ထွက်ရှိ ကြောင်း ၊ ယခင်နှစ်ကုလားပဲ စျေးနှုန်းအနေဖြင့် ကုလားပဲ(ရိုးရိုး) တစ်တင်းလျှင်(၇၈၀၀၀)ကျပ် ၊ ကုလားပဲ(V2)တစ်တင်းလျှင်(၈၆၀၀၀)ကျပ် စျေးနှုန်းများရှိခဲ့ပြီး ယခုလက်ရှိပေါက်စျေးအနေဖြင့် ကုလားပဲ (ရိုးရိုး) တစ်တင်းလျှ င်(၆၃၀၀၀) ကျပ် ၊ ကုလားပဲ(V2) တစ်တင်းလျှင် (၇၃၀၀၀)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ၊ တောင်သူများမှ ကုလားပဲများကို မြို့ပေါ်ရှိပွဲရုံ များသို့သွားရောက်‌ရောင်းချကြကြောင်း ၊ ပွဲရုံများမှ တဆင့် မန္တလေး ၊ ရန်ကုန်မြို့များသို့ တင်ပို့ ရောင်းချကြကြောင်း၊ (၁)ဧက အကျိုးအမြတ်အနေဖြင့် (၅၀၀၀၀၀)ကျပ် ဝန်းကျင် အကျိုးအမြတ် ရရှိနေပါကြောင်း ၊ ကုလားပဲ စိုက်ပျိုးခြင်းသည် ကုန်ကျစရိတ်သက်သာပြီး အချိန်ကုန်သက်သာခြင်း ကြောင့် မိသားစုအပိုဝင်ငွေ ရရှိသောကြောင့် စိုက်ပျိုးသင့်သော သီးနှံဖြစ်ကြောင်း ရေးသားတင်ပြ အပ်ပါသည်။

DOCA(မန္တလေး)