မန္တလေးစျေးကွက်ရှိကုလားပဲ

Powered by Drupal

     ကုလားပဲသီးနှံမှာပြည်တွင်း စားသုံးမှုများပြားပြီး၊ ပြည်ပတင်ပို့သည့် ပဲတစ်မျိုးဖြစ်ပြီး၊  မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ကုလားပဲစိုက်ပျိုးမှု (၂၃၇၇၄၇)ဧက ဖြစ် ကြောင်း သိရပါတယ်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်မေလဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့်အမျိုးအစားအလိုက် ပေါက်စျေးများမှာ ၃တင်း ဝင်တစ်အိတ်လျှင်ကုလားပဲ(V-2)၂၅၀၀၀၀ကျပ်၊ကုလားပဲ(V-7)၂၆၀၀၀၀ ကျပ်၊ကုလားပဲ (ထိုင်ဝမ်) ၂၃၀၀၀၀ကျပ်၊ ကုလားပဲ(ဗမာ)၂၄၂၀၀၀ ကျပ်၊တစ်ပိဿာပေါက်စျေးမှာ ကုလားပဲ(V-2) ၄၃၆၇ကျပ်၊ (V-7)၄၅၅၉ ကျပ်၊ကုလားပဲ(ထိုင်ဝမ်) ၄၀၈၉ကျပ်၊ ကုလားပဲ(ဗမာ) ၄၃၀၂ ကျပ် ဖြစ်ပြီး၊ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာ ကုလားပဲ(V-2)၄၂၁၀ကျပ်နှင့် ၄၂၄၅ ကျပ်၊ ကုလားပဲ(ထိုင်ဝမ်)၄၀၀၀ကျပ်နှင့် ၄၃၂၀ ကျပ်၊ကုလားပဲ(ဗမာ) ၄၁၄၂ ကျပ်နှင့် ၄၁၇၈ကျပ်စျေး တို့ဖြစ်သည့်အတွက် ကာလတူပေါက်စျေးနှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ၁၀၀ ကျပ်အထက် စျေး ပိုမိုရရှိကြောင်း သိရပါတယ်။ ဝင်ရောက်မှုပမာဏပေါ်မူတည်၍ ရက်အလိုက်စျေးအနည်းငယ် ပြောင်းလဲမှုရှိပြီး၊စျေးကွက်အတွင်းကုလားပဲမှာအရောင်းသွက်လျက်ရှိကြောင်း သိရပါတယ်။

DOCA(မန္တလေး)